တောင်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာ ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ နှစ်နိုင်ငံအားကစားသမားတွေ ပူးပေါင်းဝင်ရောက်ဖို့ သဘောတူခဲ့ပါတယ်။ ပူးပေါင်းအဖွဲ့တွေက ကိုရီးယားပေါင်းစည်းရေးအလံကိုကိုင်ဆောင်ပြီး အားကစားကွင်းကို ၀င်ရောက်မှာပါ။ နှစ်နိုင်ငံပူးပေါင်းပြီး ရေခဲပြင်ဟော်ကီအားကစားအဖွဲ့ဖွဲ့စည်းဖို့လည်း သဘောတူခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံကအားကစားသမားအယောက်(၃၀)ပါဝင်တဲ့ တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့စေလွှတ်သွားမယ်လို့ KBS သတင်းဌာနက သတင်းဖော်ပြပါတယ်။ တောင်ကိုရီးယားဘက်က အားပေးရေး အဖွဲ့တွေနဲ့ပူးပေါင်းဖို့ မြောက်ကိုရီးယား ဘက်ကအားပေးရေး အဖွဲ့ဝင် အယောက်(၂၃၀)ကျော်ကို စေလွှတ်သွားဖို့ ရှိနေပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ကိုရီးယားနိုင်ငံသားတွေ ကိုပူးပေါင်းအားပေးရေး ကိုလည်း သဘောတူခဲ့ပါတယ်။ မြောက်ကိုရီးယား အိုလံပစ်ကိုယ်စားလှယ်အဖွဲ့တွေ၊ အားကစားသမားတွေ၊ အားပေးရေးအဖွဲ့တွေ၊ တိုက်ကွမ်ဒိုသရုပ်ပြကစားသမားတွေနဲ့ သတင်းထောက်တွေဟာ ဂွန်းဂွီရထားလမ်းကနေ တောင်ကိုရီးယားဘက်ကိုဝင်ရောက်မှာလို့သိရပါတယ်။ အားကစားသမားတွေက ဖေဖော်ဝါရီလ(၁)ရက်မှာ တောင်ကိုရီးယားကိုရောက်ရှိမှာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေက ဖေဖော်ဝါရီလ(၇)ရက်မှာမှ ရောက်ရှိမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားအိုလံပစ်ပြိုင်ပွဲကျင်းပမယ့် နေရာနဲ့ စီမံခန့်ခွဲမှုတွေကို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ဇန်န၀ါရီလကုန်ပိုင်းမှာ လာရောက်ကြည့်ရှုမှာဖြစ်တယ်လို့လည်းKBS သတင်း ဌာနက သတင်းဖော်ပြပါတယ်။ 
 
 

Related News