ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားအားကစားသမားတွေက အားကစား (၄)မျိုးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တောင်ကို ရီးယားနဲ့မြောက်ကိုရီးယားနှစ်နိုင်ငံတို့က သဘောတူခဲ့ပါတယ်။ ရေခဲပြင်စကိတ်စီးခြင်း၊ တောင်ကုန်းနှင်းလျှောစီးခြင်း၊ နှင်းလျှော စီးခြင်းနဲ့ ရေခဲပြင်ဟော်ကီ ကစားနည်းတွေမှာ မြောက်ကိုရီးယားအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မြောက်ကိုရီးယား အားကစားသမား(၆)ဦးနဲ့ တောင်ကိုရီးယားအားကစားသမား(၂၃)ဦးပါဝင်မယ့် ပူးတွဲရေခဲပြင်ဟော်ကီ အသင်းလည်း အိုလံပစ် ပြိုင်ပွဲမှာ ပါဝင်မယ်လို့ ပြုံချမ်းအိုလံပစ်ကျင်းပရေးကော်မတီဥက္ကဌ လီဟီဘျွန်းကပြောပါတယ်။
 
မြောက်ကိုရီးယား အားကစား သမားကိုယ်စားလှယ်အဖွဲ့ဝင် အရေအတွက်နဲ့ ပတ်သက်လို့ ကိုရီးယား(၂)နိုင်ငံသဘောတူခဲ့ပြီးဖြစ်ပေမဲ့ ဆွစ်ဇာလန်နိုင်ငံမှာ စနေ နေ့မှာပြုလုပ်မယ့် အစည်းအဝေးမှာတော့ နိုင်ငံတကာအိုလံပစ်ကော်မတီက နောက်ဆုံးဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ လာမယ့် တစ်ပတ်ကစပြီး အိုလံပစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကိုရီးယား(၂)နိုင်ငံဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် သွားရောက်မှာဖြစ်ပြီး မြောက်ကိုရီးယားအားကစားသမား အယောက်(၁၅၀)လောက်ဟာ ပြုံချမ်းဆောင်းရာသီအိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့  KBS သတင်းဌာနက သတင်းဖော်ပြပါတယ်။ 
 
 
 

Related News