ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တွေမှာ အခြားသောနာမည်ကြီးအသင်း တွေထက် Follower   ပြုလုပ်သူအများဆုံးအသင်းဖြစ်တယ်လို့ သိရပါတယ်။စပိန်အခြေစိုက် AS အားကစားသတင်းစာရဲ့ကောက်နုတ်ဖော်ပြမှုအရ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ Twitter  နဲ့ Facebook တို့မှာ အခြားသောအသင်းတွေထက် ပရိသတ်ဦး ရေအများဆုံး Follower  ပြုလုပ်ခြင်းခံရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
 
AS အားကစားသတင်း စာရဲ့ဖော်ပြမှုအရ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ Twitter  နဲ့ Facebook နှစ်ခုပေါင်း င်္Follower ပြုလုပ်ထားသူ ဦးရေ (၁၃၃) သန်းအထိရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါအရေအတွက်ဟာ အနီးစပ်ဆုံးပြိုင်ဘက်ဘာစီလိုနာအသင်းနဲ့ (၃) သန်းလောက်အထိကွာဟနေပြီး၊ ဘာစီလိုနာအသင်းဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့နောက်လူမှု ကွန်ယက်ဝက်ဘ်ဆိုဒ်မှာ ဒုတိယမြောက် Follower  အများဆုံးအသင်းအဖြစ် သန်း (၁၃၀) နဲ့ရပ်တည်နေတာဖြစ် ပါတယ်။
 
ဘာစီလိုနာအသင်းရဲ့နောက်မှာတော့ မန်ယူအသင်းက သန်း (၉၀)၊ ချယ်လ်ဆီးအသင်းက (၅၉)သန်း၊ အာဆင်နယ်အသင်းက သန်း (၅၀) နဲ့ထိပ်ဆုံး (၅) သင်းစာရင်းမှာပါဝင်ခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်၊ ပီ အက်စ်ဂျီ၊ ဂျူဗင်တပ်စ်အသင်းနဲ့ မန်စီးတီးအသင်းတို့ကတော့ အဆင့် (၆)နေရာကနေ အဆင့် (၁၀) နေရာအ တွင်းမှာရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင်အသင်းရဲ့ Official Website  ကိုဝင်ရောက် ကြည့်ရှုမှုနှုန်းမှာ လည်း ရီးရဲယ်လ်မက်ဒရစ်အသင်းကပဲထိပ်ဆုံးနေရာမှာရပ်တည်နေပြီး၊ တစ်လအတွင်း (၈.၅) သန်းအထိဝင် ရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ 
 
 

Related News