မကြာသေးမီကယှဉ်ပြိုင်ကစားခဲ့ကြသောအင်တာမီလန်နှင့် အက်စ်ပီအေအယ်လ်ပွဲစဉ်အပြီးတစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီးနောက် အင်တာမီလန်အသင်းအနေဖြင့် တိုးတက်မှုမရှိဟုနည်းပြဖြစ်သူလူစီရာနိုစပယ်လ်လတ် တီကပြောကြားလိုက်ကြောင်းသိရသည်။

အင်တာမီလန်သည် ယမန်နှစ်၊ ဒီဇင်ဘာလကနောက်ဆုံးနိုင်ပွဲရရှိထားပြီးနောက် ယခုပွဲတွင် သရေကျခဲ့မှုကြောင့် ရိုးမားအသင်းကသာဆမ်ဒိုးရီးယားအသင်းကိုအနိုင်ရရှိခဲ့မည်ဆိုပါကအင်တာမီလန်နှင့် အမှတ်တူအဆင့်တူသွားမည်ဖြစ်ကာတတိယနေရာတွင် ရပ်တည်နေသည့် လာဇီရိုအသင်းကအေစီမီလန်အသင်းအားအနိုင်ရရှိခဲ့မည်ဆိုပါကအင်တာမီလန်နှင့် လာဇီရိုတို့အကြားအမှတ်ကွာဟချက်မှာ (၅) မှတ်ဖြစ်သွားမည်ဖြစ် သည်။

မကြာသေးမီသီတင်းပတ်များကကစားနည်းပုံစံအတိုင်းယခုပွဲတွင်လည်းထူးမခြားနားကစားခဲ့သည့်အတွက် နည်း ပြစပယ်လ်လတ်တီမှာများစွာစိတ်ပျက်ခဲ့ရပြီး ပြင်းပြင်းထန်ထန်ကြိုးစားသော်လည်းမည်သည့်တိုးတက်မှု၊ ပြောင်းလဲမှုကိုမျှ မမြင်ရကြောင်းဖွင့်ဟပြောကြားလိုက်ခြင်းဖြစ်သည်။ 

 

 

 

Related News