ဘာစီလိုနာအသင်းမှ နာမည်ကျော်တိုက်စစ်မှူးမက်ဆီသည် အလာဗတ်စ်အသင်းအားအနိုင်ရရှိခဲ့ သည့် ပွဲစဉ်တွင် ပြစ်ဒဏ်ဘော (ဖရီးကစ်) မှတဆင့် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် လာလီဂါပြိုင်ပွဲများတွင် ဖရီးကစ်အများဆုံးသွင်းယူနိုင်သည့် ဘောလုံးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။

သိပ်မကြာသေးခင်ကမှ ယှဉ်ပြိုင်ကစားခဲ့သောအဆိုပါပွဲစဉ်တွင် ဧည့်သည်အလာဗတ်စ်အသင်းကပွဲအစ ၂၃ မိနစ်အချိန်ခန့်တွင် သွင်းယူနိုင်ခဲ့ သည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၇၂ မိနစ်အကြာတွင် ဆွာရတ်ဇ်ကချေပဂိုး၊ ၈၄ မိနစ်အကြာတွက် မက်ဆီကဖရီးကစ်ဖြင့် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးမှာမက်ဆီအတွက် (၂၁) ဂိုးမြောက်ဖရီးကစ်ဖြစ်ပြီးယခင်ကဂိုး ၂၀ ဖြင့် အများဆုံးရပ်တည်နေခဲ့သူစီရော်နယ်လ်ဒိုအားကျော်ဖြတ်ကာစံချိန်သစ်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ 

 

 

 

Related News