ယခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းမှ ဒေါ့မွန်အသင်းကို အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ လာခဲ့တဲ့ဘတ်ရှုအာယီဟာ အသင်းနဲ့ပထမဦးဆုံးပွဲထွက်ခွင့်ရချိန်မှာပဲ သွင်းဂိုး(၂)ဂိုးထိသွင်းယူခဲ့ပြီး အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဘတ်ရှုအာယီဟာ ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုလုံးအသင်းနဲ့ ဘွန်ဒက်လီဂါပွဲစဉ် (၂၁)မှာ ဒေါ့မွန်အသင်းနဲ့အတူ စတင်ပွဲထွက်ကစားခွင့်ရရှိပြီး ပွဲဦးထွက်မှာပဲ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဘတ် ရှုအာယီအနေနဲ့ အဆိုပါပွဲစဉ်မှာ အသင်းအတွက်သွင်းဂိုး(၂)ဂိုးရယူနိုင်ခဲ့သလို အသင်းဖော်ရှာရယ်ရဲ့ သွင်းဂိုးကို လည်းဖန်တီးပေးနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းဟာ ကိုလုံးအသင်းကို အဝေးကွင်းမှာ (၃)ဂိုး၊(၂)ဂိုးဖြင့်အနိုင်ရရှိခဲ့ပါ တယ်။ သူဟာ ယခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းမှ ဒေါ့မွန်အသင်းကို ရာသီဝက်အငှားစာ ချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့ပြီး ပွဲဦးထွက်ပွဲစဉ်မှာပဲ အသင်းအတွက်အဖိုးတန်အနိုင်(၃)မှတ်ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ကြား ဘတ်ရှုအာယီရဲ့ အပြောင်းအရွှေ့ဟာ ဇန်န၀ါရီအပြောင်း အရွှေ့ရဲ့နောက်ဆုံးနေ့မှာဖြစ်ပေါ်ခဲ့ပြီး ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဂီရောဒ့်ကိုခေါ်ယူနိုင်ခဲ့တာကြောင့် ဘတ်ရှုအာယီကို ဒေါ့မွန်အသင်းထံ ပြန်လည်အငှားချထားခဲ့တာဖြစ်ပါတယ်။ ဘတ်ရှုအာယီဟာ ယခုနှစ်ဘော လုံးရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ပွဲ ပါဝင်ကစားခဲ့ရာမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်ထားပါတယ်။

ယခုပွဲစဉ်မှာနိုင်ပွဲရယူနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ရမှတ်(၃၄)မှတ်နဲ့ ဘွန်ဒက်လီဂါအမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး ဘွန်ဒက်လီဂါ(၃)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ ဘွန်ဒက်လီဂါ(၃)ပွဲဆက် သရေရလဒ်ထွက် ပေါ်ခဲ့တဲ့အသင်းဖြစ်ပြီး ယခုဘွန်ဒက်လီဂါပွဲစဉ်(၂၁)မှာတော့ ကစားသမားသစ်ဘတ်ရှုအာယီရဲ့ ခြေစွမ်းပြသ ကစားနိုင်မှုနဲ့အတူ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

 

 

 

Related News