လက်ရှိအချိန်မှာ ပွဲကြပ်တွေဆက်တိုက် ယှဉ်ပြိုင်ကစားရမယ့် စပါးအသင်းဟာ ယနေ့ဖေဖော်ဝါရီလ(၄)ရက်နေ့မှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ် အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ စပါးအသင်းအတွက် ယခုလဖေဖော်ဝါရီလဟာ ပွဲကြပ်ကာလတစ်ခုဖြစ်ခဲ့ပြီး ယခုလအတွင်းမှာ ပရီးမီး ယားလိဂ်အသင်းကြီးတွေအပါအ၀င် ဥရောပအသင်းကြီးတွေနဲ့ ဆက်တိုက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ စပါး အသင်းအနေနဲ့ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၂၅) အိမ်ကွင်းပွဲစဉ်မှာ မန်ယူအသင်းနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး မနက်ဖြန်ဖေဖော်ဝါရီလ(၄)ရက်နေ့မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ် ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်း ဖြစ်တဲ့လီဗာပူးလ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် စပါးအသင်းရဲ့အိမ်ကွင်းပွဲစဉ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ စပါးအသင်းက လီဗာပူးလ်အသင်းကို (၄)ဂိုး၊(၁)ဂိုး ဖြင့်အနိုင်ကစားခဲ့ပြီး ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
 
အန်ဖီးလ် ကွင်းရဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၅)ကြိမ်မှာတော့ လီဗာပူးလ်အသင်းကစပါးအသင်းအပေါ် အသာစီးရရှိ ခဲ့တာတွေ့ရပြီး လီဗာပူးလ်အသင်းက(၄)ကြိမ်အထိအနိုင်ရရှိခဲ့ကာ တစ်ကြိမ်သာသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေအတွက် ရလဒ်ကောင်း တွေရဖို့ခက်ခဲလေ့ရှိပြီး လီဗာပူးလ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ အန် ဖီးလ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ (၂)ပွဲနိုင်၊(၂)ပွဲသရေရလဒ်ရရှိအောင် စွမ်း ဆောင်နိုင်ခဲ့ပြီး ရှုံးပွဲလုံးဝမရှိခဲ့တာဖြစ်ပါတယ်။ အန်ဖီးလ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲ(၂၆)အဖြစ် ထိပ်တိုက်တွေ့ ဆုံနေတဲ့ လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ(၄)ရက်နေ့ မြန်မာစံတော် ချိန်ည(၁၁)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
 
 

Related News