ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)မှာတော့ လီဗာပူးလ်အသင်း တောင်ပံကစားသမားဆာလက်ခ်ျနဲ့ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းတို့ဟာ စံချိန် သစ်တွေ ရယူနိုင်ခဲ့ကြပါတယ်။လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ (၂)ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)မှာ ဆာလက်ခ်ျနဲ့ ဟယ်ရီကိန်းတို့ဟာ အသင်းနဲ့အတူ သွင်းဂိုးစံချိန်သစ်တွေ တင်နိုင်ခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်း တောင်ပံကစားသမားဆာလက်ခ်ျအနေနဲ့ (၂)ဂိုးသွင်းယူနိုင်ခဲ့သလို စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာလည်း ပင်နယ်တီမှတစ်ဆင့် အသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ သွင်းဂိုး(၂)ဂိုးရယူနိုင်ခဲ့တဲ့ဆာလက်ခ်ျဟာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး(၂၀) အမြန်ဆုံးပြည့် မြောက်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့သလို ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာရီကိန်းဟာလည်း ကစားသမား ဘ၀တစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းတောင်ပံကစားသ မားဆာလက်ခ်ျဟာ ပရီးမီးယားလိဂ်(၂၅)ပွဲနဲ့ သွင်းဂိုး(၂၀)ပြည့်မြောက်တဲ့ အမြန်ဆုံးကစားသမားဖြစ်လာခဲ့ပြီး ယခင်ကလိဂ်သွင်းဂိုး(၂၀)ကို ပရီးမီးယားလိဂ်(၂၇)ပွဲနဲ့ပြည့်မြောက်ခဲ့တဲ့ တောရက်စ်နဲ့စတားရစ်ခ်ျတို့ (၂)ဦးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာလည်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၄၁)ပွဲနဲ့ လိဂ်သွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုး(၁၀၀)အလျင်အမြန်ပြည့် မြောက်ခဲ့တဲ့ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ဂိုး(၁၀၀)အလျင် အမြန်ပြည့်မြောက်ခဲ့တဲ့ကစားသမားကတော့ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူးအလန်ရှီးယားဖြစ်ပြီး လိဂ်ပွဲ (၁၂၄)ပွဲနဲ့ ဂိုး(၁၀၀)ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

 

 

 

Related News