ပရီးမီးယားလိဂ်မှာကျင်လည်ခဲ့တဲ့ နည်းပြရော်နယ်ကိုးမန်းဟာ လက်ရှိအချိန်မှာ နယ်သာလန် လက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ရော်နယ်ကိုးမင်းဟာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ (၄) နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး (၂၀၂၂) ကမာ်္ဘ့ဖလားပြိုင်ပွဲအထိတာဝန်ယူကိုင်တွယ်မှာဖြစ်ပါတယ်။ နယ်သာလန်အသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ အက်ဒ်ဗိုကတ်ဟာ (၂၀၁၈)ခုနှစ်ကမာ်္ဘ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိတာကြောင့် ရာထူးမှထုတ်ပယ်ခံခဲ့ရပြီး နယ်သာလန်လက်ရွေးစင်အသင်းဟာ အက်ဒ်ဗိုကတ်နေရာမှာ ရော်နယ်ကိုးမန်းကိုအစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
 
ရော်နယ်ကိုးမင်းဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ဖြစ်ကြတဲ့ ဆောက်သမ်တန်နဲ့ အဲဗာတန်အသင်းတို့ကိုကိုင်တွယ်ခဲ့ပါတယ်။ သူဟာနယ်သာလန် အသင်းရဲ့ ဂန်္တ၀င်ကစားသမားတစ်ဦးလည်းဖြစ်ပြီး၊ နယ်သာလန်လက်ရွေးစင်အသင်းအတွက် (၇၈) ပွဲ အထိပါဝင်ကစားထားရာမှာ (၁၄) ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ နည်းပြရော်နယ်ကိုး မန်းဟာ အဲဗာတန်အသင်းကိုကိုင်တွယ်စဉ်က ပြီးခဲ့တဲ့ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီကုန်ဆုံးချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် (၇) နေရာမှာရပ်တည် နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာရရှိအောင်လည်းစွမ်းဆောင် နိုင်ခဲ့ပါတယ်။
 
ဒါပေမယ့်လည်းယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အဲဗာတန်အသင်းကို ရလဒ်ကောင်းအောင်စွမ်းဆောင်နိုင်ခြင်းမရှိတာကြောင့် နည်းပြရာထူးကနေထုတ်ပယ် ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ရော်နယ်ကိုးမန်းဟာ မတ်လ (၂၄) ရက်နေ့မှာ ခြေစွမ်းပွဲစဉ်အဖြစ်ယှဉ်ပြိုင် ကစားမယ့် အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာ နယ်သာလန်လက်ရွေးစင်အသင်းကို စတင်တာဝန်ယူကိုင်တွယ် သွားမှာဖြစ်ပါတယ်။
 
 
 

Related News