ပြင်သစ်ကလပ် မိုနာကိုအသင်းဟာ ယခုနှစ် (၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ ကစားသမားအပြောင်းအရွေ့ (၂) ခုမှ ၀င်ငွေအများဆုံးရရှိထားတဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။မိုနာကိုအသင်းဟာ ယခုနှစ် (၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ ကစားသမားအပြောင်းအရွေ့(၂)ခုမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးဗား၊ မန်ဒီ၊ ဘာကာယိုကို၊ ဂျာမိန်းတို့အပါအ၀င် ကစားသမား (၁၀) ဦးကို ရောင်းချခဲ့ပြီး ဘာပီကိုအငှားစာချုပ်နဲ့ပြောင်းရွေ့စေခဲ့ရာမှ ၀င်ငွေယူရို (၄၁၆) သန်းထိရရှိခဲ့ပါတယ်။

မိုနာကိုအ သင်းဟာ အသင်းမှကစားသမားအများစုကိုရောင်းချခဲ့ပေမယ့် ကီတာဘလိတ်၊ ဂျိုဗီတစ်နဲ့ ဂျီနိုအာမှ ပယ်လီဂရီ တို့အပါအ၀င်ကစားသမား (၁၂) ဦးအတွက် ပြောင်းရွေ့ကြေးယူရိုသန်း (၁၃၀) ထိပြန်လည်အသုံးပြုခဲ့တာဖြစ်ပါ တယ်။ အားကစားနဲ့ပက်သက်တဲ့အချက်အလက်တွေကို ရေးသားဖော်ပြလေ့ရှိတဲ့ ဃှုနှ မှထုတ်ပြန်ခဲ့တဲ့စစ် တမ်းတစ်ခုအရ မိုနာကိုအသင်းဟာ ယခုနှစ်ဘောလုံးရာသီရဲ့ အပြောင်းအရွေ့ကာလ (၂) ခုမှာ အသားတင်ဝင် ငွေယူရို (၂၈၆) သန်းထိရရှိခဲ့တာဖြစ်ပါတယ်။

မိုနာကိုအသင်းရဲ့နောက် ဒုတိယနေရာမှာတော့ ဒမ်ဘီလီနဲ့ အော်ဘာမီယန်းတို့ကိုအပါအ၀င် ကစားသမား (၉) ဦးရောင်းချခဲ့တဲ့ ဒေါ့မွန်အသင်းက ၀င်ငွေယူရို(၁၆၈)သန်းနဲ့ ရပ်တည်နေပြီး တတိယနေရာမှာ လာကာဇက်၊ တိုလစ်ဆိုတို့ကိုရောင်းချခဲ့တဲ့ လိုင်ယွန်အသင်းက ၀င်ငွေ (၅၆) သန်းနဲ့ရပ်တည်ခဲ့ပါတယ်။ အဆိုပါအသင်းတွေရဲ့နောက်မှာတော့ ဆာလက်၊ ရူဒီဂါ၊ အီမာဆင်တို့ကိုရောင်းချခဲ့ တဲ့ရိုးမားနဲ့ ဖီအိုရင်တီးနာအသင်းတို့အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

ပြင်သစ်ကလပ်အသင်းဖြစ်တဲ့မိုနာကိုအ သင်းဟာ အပြောင်းအရွေ့ (၂) ခုမှ အသားတင်ဝင်ငွေများစွာရရှိထားပေမယ့် မိုနာကိုရဲ့လိဂ်အတွင်းပြိုင်ဘက် ဖြစ်တဲ့ ပီအက်စ်ဂျီကတော့ ယူရိုသန်း(၃၀၀)ကျော်အရှုံးပေါ်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ နေမာ၊ဘာပီတို့အပါအ၀င် ကစားသမား(၅)ဦးအတွက် ပြောင်းရွေ့ကြေးယူရို(၄၁၈)သန်းသုံးစွဲခဲ့ပြီး ကစားသမားပြန်လည်ရောင်းချရာမှ ယူရို (၁၀၇) သန်းသာပြန်လည်ရရှိခဲ့တာကြောင့် ယူရို(၃၁၁)သန်းထိအရှုံးပေါ်ခဲ့ပါတယ်။

ထုတ်ပြန်ခဲ့တဲ့စစ် တမ်းအရ ပြီးဆုံးခဲ့တဲ့ကစားသမားအပြောင်းအရွေ့ (၂) ခုမှာ ပီအက်စ်ဂျီအသင်းကဲ့သို့ အရှုံးပေါ်ခဲ့တဲ့ထိပ်တန်း အသင်းကြီး (၆) သင်းရှိနေပြီး မန်စီးတီးက ယူရို (၂၄၆) သန်း၊ မန်ချက်စတာယူနိုက်တက်က ယူရို (၁၈၆) သန်းနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာအသင်း(၂)သင်းရဲ့နောက်မှာတော့ အေစီမီလန်က ယူရို (၁၈၄) သန်း၊ ဘာစီလိုနာက ယူရိုသန်း(၁၇၀)၊ ချယ်ဆီးက ယူရို(၁၀၁)သန်းနဲ့ ဘိုင်ယန်မြူးနစ်က ယူရို (၈၁) သန်းထိအ သီးသီးအရှုံးပေါ်ခဲ့ကြတာဖြစ်ပါတယ်။

 

 

 

Related News