ပရီးမီးယားလိဂ်အပါအ၀င် အင်္ဂလန်လိဂ်ပြိုင်ပွဲတွေမှာလည်း ပင်နယ်တီရရေးအတွက် ကစားသမား တွေရဲ့ဟန်ဆောင်လှဲချမှုဟာပိုမိုတွေ့လာရတာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA အနေနဲ့အဆိုပါပြဿနာ ကို 
တင်းတင်းကျပ်ကျပ်ကိုင် တွယ်ဖြေရှင်းဖို့ လိုအပ်နေပါတယ်။ပရီးမီးယားလိဂ်မှအချို့ ကစားသမားတွေဟာ မိမိတို့အသင်းပင်နယ်တီရရေးအတွက် ဟန်ဆောင် လှဲချမှုတွေကို သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ 
ကျူးလွန်နေကြတာဖြစ်ပါတယ်။
 
အဆိုပါကိစ္စဟာ လတ်တ လောကယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာ အထင်အရှား ဖြစ်ပေါ်ခဲ့ပြီး စပါးအသင်းကစားသမားတွေနဲ့ ပင်နယ်တီပြစ်ဒဏ်ဘောရရှိရေးအတွက် ဟန်ဆောင်လှဲချမှုတွေ ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ အဆိုပါပွဲစဉ်မှာ စပါးအသင်းအနေနဲ့ အငြင်းပွားဖွယ်ပင်နယ်တီ ကန်သွင်းခွင့်(၂) ကြိမ်ရရှိခဲ့ပြီး စပါးအသင်းကစားသမားတွေအနေနဲ့ ဟန်ဆောင်လှဲချမှုပြုလုပ်ခဲ့တာကြောင့် ပွဲကိုကိုင်တွယ်ခဲ့တဲ့ ဒိုင်တွေအနေနဲ့ ပင်နယ်တီပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်မပေးသင့်ကြောင်း လူအများကဝေဖန် ပြောကြားခဲ့ပါတယ်။ 
 
ပရီးမီးယားလိဂ်ရဲ့ဟန်ဆောင်လှဲချမှုအများဆုံး ကစားသမားတွေအဖြစ် အင်္ဂလန်ကစားသမားတွေကနာ မည်ကြီးနေခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ စပါးအသင်းရဲ့အင်္ဂလန်ကစားသမားတွေဖြစ်ကြ 
တဲ့ကွင်းလယ်လူအလီနဲ့ တိုက်စစ်မှူးဟာရီကိန်းတို့ဟာ ဟန်ဆောင်လှဲချမှုကျူးလွန်ခဲ့ကြကြောင်း ပြည်ပမီဒီယာ တော်တော်များများကလည်း ဖော်ပြခဲ့ကြပါတယ်။
 
မနက်ဖြန်ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှာ စပါးအသင်းနဲ့ပရီးမီး ယားလိဂ်ပွဲစဉ်(၂၇)အဖြစ် ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ အာဆင်နယ်အသင်း နည်းပြအာစင်ဝင်းဂါးဟာ လည်း အင်္ဂလန်ကစားသမားအများစုဟာ ဟန်ဆောင်လှဲချရာမှာ ကျွမ်းကျင်သူတွေဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး FA အနေနဲ့ အဆိုပါကိစ္စကို ပြင်းပြင်းထန်ထန်အရေးယူဖို့ လိုအပ်နေပါတယ်။ ပင်နယ်တီဧရိယာထဲမှာ ဟန်ဆောင်လှဲချမှု အများဆုံးကျူးလွန်ခဲ့တဲ့ကစားသမားတွေအဖြစ် ပရီးမီးယားလိဂ်ရဲ့အင်္ဂလန်ကစားသမားတွေဖြစ်ကြတဲ့ စတားလင်း၊ကယ်ဗတ်လီဝင်၊ ဗာဒီတို့ထိပ်ဆုံးမှ ပါဝင်နေပြီး မန်ယူအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမားဖြစ်တဲ့ အက်ရှ်လေယန်းဟာ ဟန်ဆောင်လှဲချရာမှာ နာမည်ကြီးခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။
 
 
 

Related News