မန်ယူအသင်းမှ နည်းပြမော်ရင်ဟိုသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းနောက် ထပ်တိုက်စစ်ကစားသမား ထပ်မံဝယ်ယူအားဖြည့်မည်မဟုတ်ဟုအတည်ပြုပြောကြားလိုက်ပြီဖြစ်သည်။

မန်ယူအသင်းသည် အက်သလက်တစ်ကိုအသင်းမှ ဂရစ်ဇ်မန်း၊ ရီးရဲလ်မက်ဒရစ်မှ ဂါရတ်ဘေးလ်၊ အင်တာမီလန်မှ ပါရီဆစ်တို့အား နွေ ရာသီအတွင်းခေါ်ယူရန် ကြိုးစားနေသည်ဟုသတင်းများထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီးမော်ရင်ဟိုဘက်က ပြန်လည် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

လက်ရှိမန်ယူအသင်းတွင် အလက်စစ်၊ လူကာကူ၊ မာစီရယ်လ်၊ ရပ်ရှ်ဖို့ဒ်တို့ရှိနေပြီဖြစ်ရာအသင်း၏ တိုက်စစ်ကဏ္ဍအတွက် လိုအပ်ချက်သိပ်မရှိကြောင်း၊ ခေါ်ယူထားပြီးဖြစ်သည့် ကစားသမားများမှာလည်းအသင်းအတွက် ဘယ်ညာနှစ်ဖက်စလုံးမှ ကစားနိုင်သလိုနောက်ချန်တိုက်စစ်မှူးများအဖြစ်ပါ စွမ်းဆောင်နိုင်သည့်အတွက် ၄င်းအနေဖြင့် နွေရာသီဈေးကွက်အတွင်း တခြားအထွေအထူးဝယ်ယူမှုမျိုး ပြုလုပ်မည်မဟုတ်ကြောင်းမန်ယူနည်းပြမော်ရင်ဟိုကအတည်ပြုပြောကြားလိုက်ခြင်းဖြစ်သည်။ 

 

 

Related News