ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် နေမာအားခေါ်ယူသင့်ကြောင်းရီးရဲလ်၏ တိုက်စစ်မှူးဟောင်းဖြစ် သူဘရာဇီးဂန္ထ၀င်ဘောလုံးအကျော်အမော် စီရော်နယ်လ်ဒိုကတိုက်တွန်းပြောကြားလိုက်ကြောင်းသိရသည်။

ဘာစီလိုနာ နှင့် ရီးရဲလ်မက်ဒရစ်နှစ်သင်းလုံးတွင် ကစားဖူးသူစီရော်နယ်လ်ဒိုက ၄င်းနှင့် တစ်နိုင်ငံတည်းသားကစားသမားနေမာသည် လာမည့်နှစ်အနည်းငယ်အတွင်းကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်လာနိုင်သည်ဟုသုံးသပ်ပြောကြားလိုက်ခြင်းဖြစ် သည်။

ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့်လည်းအကောင်းဆုံးခြေစွမ်းပြကစားနိုင်သည့် ကစားသမားကောင်းလိုအပ်လျက် ရှိကြောင်း၊ သို့သော်လည်း အသင်း၏တာဝန်ရှိသူများသည် နေမာနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာပြောဆိုခြင်းမျိုးမရှိသေးသည့်အတွက် စနစ်တကျစဉ်းစားသုံးသပ်သင့်ကြောင်းစီရော်နယ်လ်ဒိုကအကြံပြုလိုက်ခြင်းဖြစ်သည်။

မကြာသေးမီကမှ လန်ဒန်မြို့တွင် ကျင်းပခဲ့သော NIKE အမှတ်တံဆိပ် Mercurial ဖိနပ်ထုတ်လုပ်ခြင်းနှစ်ပေါင်း (၂၀) ပြည့်မြောက်သည့် အခမ်းအနားသို့ နေမာနှင့် စီရော်နယ်လ်ဒိုတို့ တက်ရောက်ခဲ့ကြသေးသည်။ စီရော်နယ်လ်ဒို၏ တိုက်တွန်းမှုအပြင် ရီးရဲလ် မက်ဒရစ်အသင်းဥက္ကဋ္ဌပီရက်ဇ်ကလည်းနေမာအနေဖြင့် ဘောလုံးနှင့် ပတ်သက်သည့် ကမ္ဘာ့အကောင်းဆုံးဆုတံဆိပ်များဆွတ်ခူးလိုပါကရီးရဲလ်မက်ဒရစ်နှင့်အတူလာရောက်ပူးပေါင်းသင့်သည်ဟုလည်းပြောကြားထားကြောင်းသိရသည်။ 

 

 

Related News