ဟယ်ရီကိန်းဟာ စပါးအသင်းအတွက်သွင်းဂိုးတွေကို အဓိကရယူပေးနေတဲ့တိုက်စစ်မှူးဖြစ်ပြီး ပြိုင်ပွဲစုံမှာ ခြေစွမ်းပြသွင်းဂိုးတွေသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ စပါးစ်အသင်းအတွက် အားထားရတဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင်းအတွက်အ ရေးပါတဲ့သွင်းဂိုး (၁) ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ စပါးအသင်းဟာ ဂျူဗင်တပ်အသင်းကို အဝေးကွင်းမှာ (၂) ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ်။
 
အဆိုပါပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ဟယ်ရီကိန်းဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး (၇) ဂိုးသွင်းယူထားနိုင်ခဲ့ပြီး၊ သွင်းဂိုး (၉) ဂိုးသွင်းယူထားတဲ့ ရီးယဲလ်မက်ဒ ရစ်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့နောက် ချန်ပီယံလိဂ်ရဲ့ဒုတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ် တည်နေပါတယ်။ စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းဟာ ယခုနှစ်ဘောလုံးရာသီမှာ လိဂ်ပြိုင်ပွဲမှာသာ ဂိုးတွေသွင်းယူနိုင်ခဲ့တာမဟုတ်ပဲ ဖလားပြိုင်ပွဲတွေမှာလည်း သွင်းဂိုးတွေရယူနေတဲ့ကစားသမားတစ်ဦးဖြစ်ပါ တယ်။
 
သူ့အနေနဲ့ စပါးအသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ်ပွဲစဉ် (၃၄) ပွဲအထိပါဝင်ကစားထားရာမှာ သွင်းဂိုး (၃၃) ဂိုး အထိသွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို (၂) နှစ်ဆက်ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပြီး (၂၀၁၅-၂၀၁၆) ဘောလုံးရာသီနဲ့ (၂၀၁၆-၂၀၁၇) ရာသီတွေမှာရရှိခဲ့တာဖြစ်ပါတယ်။ ယခု နှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစား သမားစာရင်းမှာလည်း ထိပ်ဆုံးမှဦးဆောင်နေပြီး လိဂ်သွင်း ဂိုး (၂၃) ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၅၂) ဂိုးရရှိထားတာကြောင့် တိုက်စစ်မှူးဟယ်ရီကိန်းအနေနဲ့ အသင်းရရှိထားခဲ့တဲ့သွင်းဂိုးရဲ့ထက်ဝက်နီးပါး ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ 
 
 
 
 

Related News