စီရော်နယ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အသင်းတစ်သင်းတည်းနဲ့ စံချိန်တင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 
ယနေ့မနက်အစောပိုင်းက PSG အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းရှုံး ထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ တိုက်စစ်မှူးစီရော်နယ်ဒိုအနေနဲ့ သွင်းဂိုး(၂)ဂိုးရယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် 
ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးစံချိန်သစ်ရရှိခဲ့ပါတယ်။ အဆိုပါအိမ်ကွင်းပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ PSG အသင်းကို (၃)ဂိုး၊(၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး သွင်းဂိုး(၂)ဂိုးရရှိခဲ့တဲ့ စီရော်နယ်ဒိုဟာလည်း 
အသင်းတစ်သင်းတည်းနဲ့ ချန်ပီယံလိဂ်ဂိုး(၁၀၀) ပြည့်မြောက်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ ပါတယ်။
 
စီရော်နယ်ဒိုအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်း တစ်သင်းနဲ့ ချန်ပီယံလိဂ်ဂိုး (၁၀၀)အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယခင်အသင်းဟောင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့လည်း ချန်ပီယံလိဂ်သွင်းဂိုး(၁၆)ဂိုး ရယူနိုင်ခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အဆိုပါ ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားဘ၀ ချန်ပီယံလိဂ်ဂိုး (၁၀၀) နဲ့ (၁၀၁) ဂိုးမြောက်သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲမှာ အစဉ်အလာကြီးမားတဲ့ ရီးယဲလ်မက်ဒရစ်အ သင်းဟာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အိမ်ကွင်းမှာရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင်စီ ရော်နယ်ဒို အနေနဲ့ ယခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ သွင်းဂိုး(၁၁)ဂိုးနဲ့ဦး ဆောင်နိုင်ခဲ့ ပြီး ချန်ပီယံလိဂ်ပွဲစဉ်(၇)ပွဲမှာ (၁၁)ဂိုး သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
 
ချန်ပီယံလိဂ်ပွဲစဉ်(၇)ပွဲ ဆက်ဂိုးသွင်း ယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် လည်းမှတ်တမ်းဝင်ခဲ့ပြီး သူ့အနေနဲ့အုပ်စုပွဲစဉ်တွေမှာလည်း (၆)ပွဲဆက်ဂိုးသွင်း ယူနိုင်ခဲ့သလို ယခု(၁၆)သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာပါ သွင်းဂိုးတွေ ထပ်မံရယူနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ ရီးယဲလ်မက်ဒရစ်အ သင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် (၁၂)အကြိမ် အထိဗိုလ်စွဲနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး စီရော်နယ်ဒိုဟာလည်း အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၃)ကြိမ်ရ ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
 
 

Related News