ယခုနှစ်ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ရှုံးထွက်အဆင့်ကိုတက်ရောက်လာကြတဲ့ ပရီးမီးယား လိဂ်ကလပ်အသင်းတွေဟာ ပြိုင်ဘက်အသင်းတွေအပေါ် အသာစီးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ပရီးမီးယားလိဂ်အသင်းတွေဟာ ဥရောပပြိုင်ပွဲတွေဖြစ်ကြတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ တွေမှာ ယခင်ကအစဉ်အလာဆိုးတွေကိုချေဖျက်ပြီး ယခုနှစ်ပြိုင်ပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြတာ 
ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန်အသင်း(၅)သင်းစလုံးဟာ အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး(၁၆)သင်းရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့သလို ယခု(၁၆)သင်းရှုံးထွက်အဆင့် 
ပထမအကျော့ ပွဲစဉ်တွေမှာလည်း ရလဒ်ကောင်းတွေရယူနိုင်ခဲ့ကြပါတယ်။
 
(၁၆)သင်းရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့ကြ တဲ့အသင်းတွေထဲမှာ စပါး၊မန်စီးတီးနဲ့လီဗာပူးလ်အသင်းတို့ကတော့ ပထမအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစား ခဲ့ပြီးဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့မန်ယူအသင်းနဲ့ချဲလ်ဆီးအသင်းတို့ကတော့လာမယ့်ရက်သတ်္တပတ်မှာမှကစား ကြမှာဖြစ်ပါတယ်။ ယှဉ်ပြိုင်ကစားပြီးခဲ့တဲ့(၃)သင်းစလုံး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ကြပြီး စပါးအသင်းကဂျူဗင်တပ်အသင်းကိုအဝေးကွင်းမှာ (၂)ဂိုးစီသရေကစားနိုင်ခဲ့ပါတယ်။
 
မန်စီးတီး အသင်းကဘေဆယ်အသင်းကိုအဝေးကွင်းမှာ(၄)ဂိုးပြတ်သွင်းယူနိုင်ခဲ့သလို လီဗာပူးလ်အသင်းကလည်း ပေါ်တို အသင်းကို(၅)ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၃၂)သင်းရှုံးထွက်အဆင့်ကိုတက်ရောက်လာခဲ့ တဲ့ပရီးမီးယားကလပ် အာဆင်နယ်အသင်းဟာလည်း ပထမအကျော့အဝေးကွင်းပွဲစဉ် အဖြစ် အော်စတာဆန် အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရာမှာ (၃) ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အခြေအနေ ကောင်းနေပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေအဆင့် (၂) အဖြစ်သတ် မှတ်ခံထားရပြီး ပြီးခဲ့တဲ့နှစ်က အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ မန်ယူအသင်းဟာယူရိုပါလိဂ်မှာ ဗိုလ်စွဲထားနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဘယ်လောက်အထိစွမ်းဆောင်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
 
 
 

Related News