၂၀၁၇ ခုနှစ်အတွက် ပြည်ပလိဂ်များတွင် သွားရောက်ကစားနေသောဘယ်လ်ဂျီယံအကောင်းဆုံးကစားသမားဆုအားချယ်လ်ဆီးအသင်းမှ ကွင်းလယ်ကစားသမားအီဒင်ဟာဇက်ကဆွတ်ခူးရရှိကြောင်းသိရှိရသည်။ ပြီးခဲ့သည့်ဘောလုံးရာသီအတွင်းဟာဇက်သည် ချယ်လ်ဆီးအသင်းအတွက် အထူးခြေစွမ်းပြကစားပေးနိုင်ခဲ့ပြီးအမှတ်ပေးပြိုင်ပွဲတွင် သွင်းဂိုး (၁၆) ဂိုး၊ အက်ဖ်အေဖလားပြိုင်ပွဲတွင် (၁) ဂိုးသွင်းယူပေးနိုင်ခဲ့သလိုယခုဘောလုံးရာသီတွင်လည်းသွင်းဂိုးစုစုပေါင်း (၁၃) ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ယင်းရလဒ်ကောင်းများကြောင့်လည်းဟာဇက်သည် မဲအရေအတွက် (၃၂၆) မဲဖြင့် ပြည်ပလိဂ်တွင် သွားရောက်ကစားနေသည့် အကောင်းဆုံးကစားသမားဆုအားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းမှ ကွင်းလယ်ကစားသမားဒီဘရိုင်းနားက (၃၁၅) မှတ်ဖြင့် ဒုတိယနေရာ၊ နာပိုလီအသင်းမှ တိုက်စစ်မှူးမာတင်က (၂၇၀) မဲဖြင့် တတိယနေရာအစရှိသဖြင့် အစဉ်တိုင်းရပ်တည်လျက်ရှိကြသည်။ ယင်းဆုကိုဟာဇက်ကိုယ်တိုင်လက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြောကြားခဲ့ရာ ၄င်းကိုယ်တိုင်က ဘယ်လ်ဂျီယံအသင်းဖော်မာတင်အတွက်လည်းမဲပေးခဲ့သေးသည်ဟုထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။ 

 

Related News