နာပိုလီအသင်းဟာ SPAL အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်(၂၅) အိမ်ကွင်း ပွဲစဉ်မှာနိုင်ပွဲရယူ နိုင်ခဲ့ပြီး စီးရီးအေမှာ ကလပ်စံချိန်တင်နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။ နာပိုလီအသင်းဟာ SPAL အသင်းနဲ့စီးရီးအေပွဲစဉ်(၂၅) အိမ်ကွင်းပွဲစဉ်မှာ (၁)ဂိုး၊ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီး စီးရီးအေအမှတ်ပေးပြိုင်ပွဲမှာ (၉)ပွဲဆက်နိုင်ပွဲရရှိခဲ့ပါတယ်။ ယခုလိုစီးရီးအေမှာ (၉)ပွဲဆက်အနိုင်ရရှိခြင်းဟာ နာပိုလီအသင်းအတွက် ကလပ်စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပြီး ပွဲစဉ်(၁၆)အဖြစ် ဖီအိုရင်တီးနား အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာဂိုးမရှိ သရေကျပြီး နောက်ပိုင်း နိုင်ပွဲဆက် နိုင်ခဲ့တာဖြစ်ပါတယ်။

အဆင့်(၂)နေရာ ဂျူဗင်တပ်အသင်းဟာနိုင်ပွဲ စောစီးစွာရယူနိုင်ခဲ့တာကြောင့် စီးရီးအေအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ နာပိုလီအသင်းအနေနဲ့ အနိုင်(၃)မှတ်ရဖို့အတွက် ဖိအားတွေရှိခဲ့ပေမယ့် ကွင်းလယ်လူအလန်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အိမ်ကွင်းမှာ လိုအပ်နေတဲ့နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ နာပိုလီအသင်းရဲ့အဓိကပြိုင်ဘက်အသင်းဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ စီးရီးအေပွဲစဉ်(၂၅)အဖြစ် တိုရီနိုအသင်းကိုအဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရပြီး (၁)ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

အမှတ်ပေးဇယားနံပါတ်(၁)နေရာကနာပိုလီအသင်းနဲ့ နံပါတ်(၂)နေရာက ဂျူဗင်တပ် အသင်းတို့ဟာ စီးရီးအေပွဲစဉ်(၂၅)မယှဉ်ပြိုင်ကတည်းက ရမှတ်တစ်မှတ်သာကွာဟနေတဲ့အသင်းတွေဖြစ်ပြီး ယခုပွဲစဉ်မှာ အသီးသီးနိုင်ပွဲတွေရယူနိုင်ခဲ့တာကြောင့် (၂)သင်းကြားချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုဟာ ပိုမိုပြင်းထန်လာပြီဖြစ်ပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေ အမှတ်ပေးဖလားကို (၁၉၈၉-၁၉၉၀)ကနောက်ဆုံးရရှိခဲ့တာ ဖြစ်ပြီး အမှတ်ပေး ချန်ပီယံဆုနဲ့ဝေးကွာခဲ့တာဟာ ဆယ်စုနှစ်(၃)စု နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်ဒါကြောင့်နှစ်ပေါင်းအတန်ကြာကွာဝေးနေတဲ့ချန်ပီယံဆုအတွက်ကြိုးစားလာမယ့်နာပိုလီအသင်းနဲ့ စီးရီးအေ(၇)ရာသီ ဆက်ချန်ပီယံဆုအတွက် ကြိုးစား နေတဲ့ဂျူဗင်တပ်အသင်း တို့ဟာ ရာသီကုန် မှာဘယ်အသင်းက ချန်ပီယံဆုကိုရယူ သွားနိုင် မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။

 

 

Related News