ဘာစီလိုနာအသင်းဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆) သင်းရှုံးထွက်အဆင့်မှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံနေပြီး ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးမက်ဆီအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံရာမှာဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။မက်ဆီအတွက် ချဲလ်ဆီးအသင်းဟာ ခက်ခဲတဲ့ပြိုင်ဘက်အသင်းဖြစ်ပြီး သူ့အနေနဲ့ ဘာစီလိုနာအသင်းနဲ့ အတူ ချဲလ်ဆီးအသင်းနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၈)ပွဲမှာ သွင်းဂိုးတစ်ဂိုးမျှသွင်းယူနိုင်ခဲ့ခြင်းမရှိ တာဖြစ်ပါတယ်။ မက်ဆီပါဝင်တဲ့ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ချန်ပီယံလိဂ်ထိပ်တိုက်တွေ့ဆုံမှုမှာ ယှဉ်ပြိုင်ရခက်ခဲခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှု (၈)ကြိမ်မှာ (၂)ပွဲနိုင်၊(၄)ပွဲသရေ၊(၂)ပွဲရှုံးရလဒ်သာ ရရှိခဲ့ပါတယ်။ 

ချဲလ် ဆီးအသင်းရဲ့ ဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ လက်ရှိအာဆင်နယ်အသင်းရဲ့ ဂိုးသမားပီတာချက်ဇ်ဟာလည်း မက်ဆီအတွက် ကျော်ဖြတ်ရခက်ခဲတဲ့ဂိုးသမားတစ်ဦးဖြစ်ပြီး ပီတာချက်အနေနဲ့ မက်ဆီကို ချယ်လ်ဆီးအသင်း ကစားသမားဘ၀မှာ (၄၉၅) မိနစ်အထိဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ တာဖြစ်ပါတယ်။ ပီတာချက်ရဲ့စွမ်း ဆောင်ရည်ဟာ အာဆင်နယ်အသင်းနဲ့အတူကျိုးပျက်ခဲ့ရပြီး ဘာစီလိုနာအသင်းနဲ့ အာဆင်နယ်အသင်းတို့ (၂၀၁၅-၂၀၁၆) ရာသီ၊ချန်ပီယံလိဂ်(၁၆)သင်းရှုံးထွက် အဆင့်တွေ့ဆုံမှုမှာ မက်ဆီရဲ့သွင်းဂိုး(၃)ဂိုးကိုခွင့်ပြုပေး ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပီတာချက် မရှိတော့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ယခုနှစ်ပြိုင်ပွဲရဲ့ (၁၆) သင်းရှုံး ထွက်အဆင့်တွေ့ဆုံမှုမှာ မက်ဆီရဲ့ဘာစီလိုနာအသင်းကိုယခင်ကလို အကောင်းဆုံးတုန့်ပြန်ကစားနိုင်မလားဆို တာစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဥရောပပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းအပါအ၀င် မက်ဆီဂိုးမသွင်းနိုင်ခဲ့တဲ့ က လပ်အသင်း (၇) သင်းအထိရှိနေပြီး အင်တာမီလန်၊ လီဗာပူးလ်၊ ရူဘင်ကာဇန်၊ အက်သလက်တီကို မက်ဒရစ်၊ အူဒီးနီနဲ့ ဘင်ဖီကာအသင်းတို့ဟာ မက်ဆီချန်ပီယံလိဂ် သွင်းဂိုးရယူနိုင်ခြင်း မရှိခဲ့တဲ့ အသင်းတွေဖြစ်ကြပါတယ်။

 

 

Related News