ယခုနှစ်ရာသီမှာ ရလဒ်ကောင်းဖို့ရုန်းကန်နေရတဲ့ ချယ်ဆီးအသင်းဟာ လက်ရှိ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့မှာ (၁)ဂိုးစီသရေ ကျခဲ့တာအပါအ၀င် ရှေ့မှာအခက်အခဲတွေက ဆီးကြိုနေပြီဖြစ်ပါတယ်။ချယ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့မှာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် (၁)ဂိုးစီသရေကျခဲ့ပြီး ဘာစီလိုနာအသင်းကို အဝေးဂိုး(၁)ဂိုး ခွင့်ပြုခဲ့ရပါတယ်။ ဒါ့ကြောင့် ကွာတားဖိုင်နယ်ကိုတက်ရောက်ဖို့အတွက် ဒုတိယအကျော့ ဘာစီလိုနာအိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားရတော့မှာဖြစ်ပြီး ချယ်ဆီးအသင်းအတွက် ခက်ခဲကြမ်းတမ်းတဲ့ ကာလစတင်နေပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်း ဟာ ယခုလာမယ့်အပတ်မှာ မန်ယူအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်တစ်ပတ် မှာလည်း မန်စီးတီးအသင်းကို အဝေးကွင်းမှာပဲ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ပွဲစဉ် အပြီးမှာလည်း နောက်ပိုင်း နှစ်တွေ့ဆုံတိုင်း အသင်းကို အခက်တွေ့အောင်ကစားလေ့ရှိတဲ့ ခရစ်္စတယ်ပဲလေ့စ်အသင်းကို လက်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်အပြီးမှာ ဘာစီလိုနာအသင်းနဲ့ ဒုတိယအကျော့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းနဲ့ ပထမအကျော့မှာ ခြေစွမ်းပိုင်းက ယှဉ်ကစားနိုင်ခဲ့ပေမယ့် ရလဒ်ပိုင်းအရ အနှုတ်လက္ခဏာပြခဲ့ပြီး နောက်တစ်ဆင့်တက်ရဖို့အတွက် ခက်ခဲတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူ၊ မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ဆက်တိုက်ကစားရမယ့် ပွဲစဉ်တွေရှိနေတဲ့အပြင် ဘာစီလိုနာ အသင်းနဲ့ဒုတိယအကျော့အပြီးမှာလည်း FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်လက်စတာနဲ့ပွဲစဉ်၊ စပါး၊ ၀က်ဟမ်း၊ ဆောက်သမ်တန် အသင်းတို့နဲ့ဆက်တိုက်ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေလည်း ရှိနေပါတယ်။

ချယ်ဆီးအသင်းအတွက် ချန်ပီယံလိဂ် ၀င်ခွင့်ရ၊မရ အဓိကအချက်ကတော့ လာမယ့် မန်ယူ၊ မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်းရ၊မရအချက်ဖြစ်ပြီး ရလဒ်မကောင်းပါက နည်းပြကွန်တီရဲ့ အနာဂတ်လည်း အပြောင်းအလဲဖြစ်ပေါ်ဖို့ရှိနေပါတယ်။ 

 

 

Related News