ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ယခုနှစ်ဘောလုံးရာသီ၊လာလီဂါမှာ ရလဒ်ပိုင်းယိမ်းယိုင်ခဲ့ခြင်းဟာကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေဟာလည်း ပါဝင်ပတ်သက်နေပါတယ်။ယခုနှစ်ဘောလုံးရာသီမှာရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိကကစားသမားတွေဟာ ဒဏ်ရာပြဿနာတွေနဲ့ တွေ့ကြုံခဲ့ရပြီး ကစားသမားတွေရဲ့ဒဏ်ရာပြဿနာဟာ အသင်းကို ထိခိုက်နစ်နာမှု ဖြစ်စေခဲ့ပါတယ်။ ရီးယဲ လ်မက်ဒရစ်အသင်းဟာ ယခုနှစ်(၂၀၁၇-၂၀၁၈)ဘောလုံးရာသီမှာ ကစားသမား(၁၈)ဦးအထိ ဒဏ်ရာရရှိခဲ့ကြပြီး အကြိမ်(၃၀)အထိ ဒဏ်ရာ ပြဿနာဖြစ်ပေါ်ခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့ကြတဲ့ ကစားသမားစာရင်းမှာ အသင်းရဲ့အဓိ ကကစားသမားတွေဖြစ်ကြတဲ့ ဂါရတ်ဘေးလ်၊ နားဗက်စ်၊ တိုနီခရူးစ်၊ ရာမို့စ်၊မိုဒရစ်၊ ဘန်ဇီးမားနဲ့တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာပြဿနာ မကြာခဏကြုံတွေ့ရလေ့ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး (၂၀၁၇)ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းက ပေါင်ခြံဒဏ်ရာ ပြဿနာကြောင့် တစ်လခွဲခန့်အနားယူခဲ့ရသလို တံကောက်ကြောဒဏ်ရာကြောင့် (၃)ပတ်ခန့် ထပ်မံအနားယူခဲ့ရပါတယ်။ ဂိုးသမားကေလာနားဗက်စ်ဟာလည်း (၂၀၁၇)ခုနှစ်၊အောက်တိုဘာလက ဒဏ်ရာပြဿနာကြောင့် (၃)ပတ်ခန့်အနားယူခဲ့ရပြီး ကွင်းလယ်လူတိုနီခရူးစ် ဟာလည်း နံရိုးဒဏ်ရာနဲ့ဒူးဒဏ်ရာတို့ကြောင့် တစ်ပတ်ခန့်အနားယူခဲ့ရပါတယ်။

အသင်းခေါင်းဆောင်ရာမို့စ်ဟာ လည်း နှာနုရိုးကျိုးဒဏ်ရာနဲ့ ပေါင်ခြံဒဏ်ရာတွေအပါအ၀င် ဒဏ်ရာ(၃)ကြိမ်အထိရရှိခဲ့ပြီး ကွင်းလယ်လူလူကာမို ဒရစ်ဟာလည်း လက်ရှိအချိန်မှာ ပေါင်ခြံဒဏ်ရာရရှိနေပါတယ်။အသင်းရဲ့တိုက်စစ်မှူးဘန်ဇီမာ ပြီးခဲ့တဲ့(၂၀၁၇) ခုနှစ်၊ စက်တင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကြွက်သားဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ယခုလိုကစားသမားတွေ ဒဏ်ရာပြဿနာများခဲ့ခြင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လာလီဂါရလဒ်ကို ယိမ်းယိုင်မှုဖြစ်စေခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ရမှတ် အလွန်ကွာဟသွားခဲ့ကာလက်ရှိလာလီဂါချန်ပီယံဆုကိုလက်လွှတ်ရဖွယ်ရှိနေပါတယ်။

 

 

Related News