အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ယခုနှစ်ဘောလုံးရာသီရဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံနေပြီး ပထမဦးဆုံးဆုဖလားအတွက် အားပြိုင်ကြမှာ ဖြစ်ပါတယ်။ယခုနှစ်ဘောလုံးရာသီရဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေ ထိပ်တိုက်တွေ့ ဆုံနေပြီး အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ဖလားတစ်လုံးစောစီးစွာ ရယူနိုင်ဖို့အတွက် ကြိုးစားလာ ကြမှာဖြစ်ပါတယ်။ (၂)သင်းစလုံးဟာယခုနှစ်ဘောလုံးရာသီရဲ့ ပထမဦးဆုံးဖလားဖြစ်လာမယ့်လိဂ်ဖလားအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကြဖို့ရှိနေပြီး ဘယ်အသင်းက ချန်ပီယံဆုကိုရယူသွားနိုင်မလဲဆိုတာကတော့ စိတ်ဝင် စားဖို့ကောင်းနေပါတယ်။

အာဆင်နယ်အသင်းဟာ ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ လန်ဒန်မြို့ခံပြိုင်ဘက်ချဲလ် ဆီးအသင်းနဲ့ တွေ့ဆုံခဲ့ပြီး အိမ်ကွင်း၊ အဝေးကွင်း(၂)ကျော့ပေါင်းရလဒ် (၂)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ချန်ပီယံရှစ်ကလပ် ဘရစ်္စတိုးစီးတီးအသင်းနဲ့ တွေ့ဆုံခဲ့ပြီး (၂)ကျော့ပေါင်းရလဒ်(၅)ဂိုး၊(၃)ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းသမိုင်း တစ်လျှောက် လိဂ်ဖလားဗိုလ်လုပွဲကို (၇)ကြိမ်အထိတက် ရောက်ခဲ့ပြီး (၂)ကြိမ်သာဗိုလ်စွဲနိုင်ခဲ့ကာ (၅)ကြိမ်အထိဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီး အသင်းကတော့ ဗိုလ်လုပွဲကို(၅)ကြိမ်တက်ရောက်နိုင်ခဲ့ရာမှာ (၄)ကြိမ်အထိချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီး (၁)ကြိမ် သာဒုတိယနေရာရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစား ခဲ့တဲ့ဗိုလ်လုပွဲစဉ်တွေမှာ ဖလားရယူနိုင်လေ့ရှိတဲ့ အစဉ်အလာကောင်းကိုပိုင်ဆိုင်ခဲ့ပြီး ၀င်ဘလေကွင်းမှာ(၂၀၁၃-၂၀၁၄)ဘောလုံးရာသီမှ (၂၀၁၆-၂၀၁၇)ရာသီအထိ င်္ဗ ဖလားကို (၃)ရာသီဆက် ရယူနိုင်ခဲ့သလို (၂၀၁၄) (၂၀၁၅)နဲ့ (၂၀၁၇)ခုနှစ်တွေမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်တွေမှာလည်း ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုလိုဝင်ဘလေကွင်းမှာ ရလဒ်ကောင်းတွေရရှိလေ့ရှိတဲ့ အာဆင်နယ်အသင်းနဲ့ လိဂ်ဖလားပြိုင်ပွဲရဲ့ဗိုလ် လုပွဲတက်ခဲ့တဲ့ နောက်ဆုံး(၅)ကြိမ်မှာ (၄)ကြိမ်အထိချန်ပီယံဆုရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းတို့ရဲ့တွေ့ဆုံမှုမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရင်း ပရိသတ်တွေကို ဆွဲဆောင်မှုအပြည့်အ၀ပေးမယ့် ပွဲတစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ ပြိုင်ပွဲစုံနောက်ဆုံးထိပ်တိုက် တွေ့ဆုံ(၅)ကြိမ်မှာ (၂)ကြိမ်စီအနိုင်ရရှိထားကြပြီး တစ်ကြိမ်သာသရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ လိဂ်ဖလားဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

 

 

Related News