ကမ္ဘာ့ဘောလုံးအကျော်အမော်နေမာအနေဖြင့် လာမည့် ၂၀၁၉ ခုနှစ်အတွင်းရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်ဟုသိရသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်းပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရရှိလာသူနေမာအားမကြာသေးမီကာလအတွင်းကမှ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကအကြိမ် ကြိမ်ဆက်သွယ်မှုများ ပြုခဲ့သည်။

သို့သော်လည်းနေမာကနောက်ထပ် (၁၈) လတာကာလအထိရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိလာမည်မဟုတ်ဟုဖွင့်ဟခဲ့သည်။ နေမာသည် ၂၀၁၉ ခုနှစ်တွင် အသက် (၂၇) နှစ်ပြည့်မည်ဖြစ်ရာလက်ရှိအသက် (၃၅) နှစ်အရွယ်ရှိစီရော်နယ်လ်ဒိုနှင့် အသက် (၃၂) နှစ်အရွယ်ရှိမက်ဆီတို့ နှစ်ပေါင်းများစွာရယူထားသည့် ကမ္ဘာ့အကောင်းဆုံးကစားသမားနေရာအားရယူရန်အတွက် ပြင်ဆင်နေပြီဟုလည်းသတင်းများထွက်ပေါ်လျက်ရှိကြောင်းသိရှိရသည်။ 

 

 

Related News