အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမား မစ်ခီတာရန်းက ၄င်းအနေဖြင့် နည်းပြမော် ရင်ဟိုနှင့် လက်တွဲရခြင်းထက် နည်းပြအာစင်ဝင်းဂါးနှင့် လက်တွဲရခြင်းက ပို၍နှစ်လိုဖွယ်ကောင်းသည်ဟု ဖွင့်ဟလိုက် ကြောင်း သိရှိရသည်။ မစ်ခီတာရန်းသည် ၄င်း၏ထိပ်တန်းကစားစွမ်းရည်များကို အာဆင်နယ်အသင်းနှင့်အတူ ပြန်လည်ရ ယူနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်နေသည်။

မန်ယူနည်းပြမော်ရင်ဟိုမှာမူ ကစားသမားတစ်ဦးထံမှ ကိုယ်ပိုင်ကစားနိုင် စွမ်းထက် ကျော်လွန်ကာ အရာရာကို တောင်းဆိုလေ့ရှိသည့်အတွက် ၄င်းနှင့် လက်တွဲအလုပ်လုပ်ရခြင်းမှာ အလွန်တရာ စိတ်ဖိစီးကာ ခက်ခဲလှသည်ဟု ဖွင့်ဟလိုက်ခြင်းဖြစ်သည်။

မစ်ခီတာရန်းသည် မန်ယူအသင်းနှင့်အတူ ကစားသမားဘ၀ ဖြတ်သန်းခဲ့စဉ်ကာလတစ်လျှောက် စိတ်ပင်ပန်းမှုများစွာ၊ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။ မန်ယူအသင်းအနေဖြင့် ယမန်နှစ်အတွင်းက ချာရတီဒိုင်း၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့အား ဆွတ်ခူးရရှိစဉ်က အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ကျေနပ်မိသည်ဟု မစ်ခီတာရန်းက ဖွင့်ဟပြောကြားခဲ့သည်။ 

 

 

Related News