မန်ယူအသင်း၏ အိမ်ကွင်းဖြစ်သောနာမည်ကျော်အိုးထရက်ဖို့ဒ်၏ နာမည်မူပိုင်ခွင့်ပမာဏမှာဘောလုံးရာသီတစ်ရာသီလျှင် ပေါင် (၂၆) သန်းတန်ဖိုးရှိကြောင်းသိရှိရသည်။ နာမည်ကျော်ဘဏ္ဍာရေးအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Duff & Phelps မှ ခန့်မှန်းတွက်ချက်မှုအရသိရှိရသောအဆိုပါတန်ဖိုးငွေပမာဏသည် မန်စီးတီးအသင်း က အီတီဟတ်လေကြောင်းလိုင်းအားကွင်းနာမည်မူပိုင်ခွင့်ရောင်းချမှုအတွက် လက်တလောရရှိနေသည့် ပေါင် (၁၉) သန်းပမာဏထက် (၇) သန်းကျော်ပင် သာလွန်နေသေးသည်။

မန်ချက်စတာနှစ်သင်းနောက်တွင် ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဘရစ်ခ်ျကွင်းကပေါင် (၁၈) သန်း၊ စပါးကွင်းသစ်ကပေါင် (၁၅.၅) သန်း၊ အာဆင်နယ်အသင်း၏ အဲမရိတ်ကွင်းကပေါင် (၁၅) သန်းနှင့် လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်းကပေါင် (၁၁.၁) သန်းအစရှိသဖြင့် အသီးသီးဝင်ငွေများ ရရှိလျက်ရှိကြောင်းသိရှိရသည်။ 

 

 

Related News