ပရီးမီးယားလိဂ်အပါအ၀င်အင်္ဂလန်လိဂ်တွေမှကလပ်အသင်းတွေဟာ (၂၀၂၀) ခုနှစ်မှစတင်ကာ ဆောင်းရာသီအားလပ်ရက်ပေးဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA  နဲ့ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ပါတယ်။အခြားသောဥရောပလိဂ်တွေဟာ ဆောင်းရာသီအတွင်းမှာအားလပ်ရက်တွေရရှိခဲ့ကြပေမယ့် ပရီးမီးယားလိဂ်ကတော့ ဆောင်းရာသီမှာ Boxing Day  အပါအ၀င်ပွဲကြပ်ကာလကို နှစ်စဉ်နှစ်တိုင်း ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် အပါအ၀င် အင်္ဂလန်လိဂ်တွေမှကလပ်အ သင်းတွေဟာ FA နဲ့ အဆိုပါကိစ်္စကို ဆွေးနွေးညှိနှိုင်းနေပြီး အတည်ပြုနိုင်ဖို့လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။FA အနေနဲ့ ပရီးယားလိဂ်အပါအ၀င် အင်္ဂလန်လိဂ်တွေကို (၂၀၂၀)ခုနှစ်မှစတင်ကာ ဆောင်းရာသီအားလပ်ရက် သတ်မှတ်ပေးဖို့ စီစဉ်နေပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာသီတင်းပတ် (၂)ပတ်ခန့်အနားရဖို့ ရှိနေပါတယ်။

ဆောင်း ရာသီအားလပ်ရက်ရရှိမယ့်အချိန်မှာ အင်္ဂလန်အသင်းတွေဟာ အမှတ်ပေးလိဂ်ပွဲစဉ်တွေအပါအ၀င် FA  ဖလားနဲ့ လိဂ်ဖလားပွဲစဉ်တွေကိုလည်း ရပ်နားထားဖို့စီစဉ်နေပါတယ်။ စပိန်၊ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံမှလိဂ်တွေဟာ ဒီဇင်ဘာလနဲ့ ဇန်န၀ါရီလတွေမှာ ဆောင်းရာသီအားလပ်ရက် ရရှိကြပြီး အင်္ဂလန်လိဂ်တွေကတော့ အဲ့ဒီကာ လအတွင်းမှာ ဆောင်းရာသီပွဲကြပ်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေရတာဖြစ်ပါတယ်။ အင်္ဂလန်ကလပ်အသင်းတွေအနေနဲ့ ပွဲကြပ်ကာလအတွင်းမှာ လိဂ်ပွဲစဉ်တွေသာမက ဖလားပွဲတွေကိုပါယှဉ်ပြိုင်ကစားခဲ့ရပြီး(၁၀)ရက်အတွင်း(၃)ပွဲခန့် ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။

 

 

 

Related News