PSGအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ကစားသမားဘ၀ အမြင်ဆုံး အောင်မြင်မှုတွေဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့Ballon d'Or ဆုတွေကို ရယူနိုင်ခဲ့ပါက အပိုဆုကြေးငွေတွေရရှိမှာဖြစ်ပါတယ်။နေမာဟာ လာမယ့်နှစ်တွေမှာ ကစားသမားဘ၀ရဲ့ အမြင့်ဆုံးအောင်မြင်မှုတွေဖြစ်တဲ့ ကမာ်္ဘ့ဖလားနဲ့ Ballon d'Or ဆုတွေကိုရယူနိုင်ခဲ့ပါက သူရဲ့စပွန်ဆာကုမ်္မဏီတစ်ခုဖြစ်တဲ့Nike  မှအပိုဆုကြေးငွေတွေချီးမြှင့်မှာ ဖြစ်ကြောင်းသိရပါတယ်။

နေမာအနေနဲ့ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပါကNike  မှအမေရိကန်ဒေါ်လာ (၅)သောင်းအထိ ဆုကြေးငွေချီးမြှင့်မှာဖြစ်ပြီး အဆိုပါကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုတွေမှ တစ်ခုခုကိုရယူနိုင်ခဲ့ပါက အမေရိကန်ဒေါ်လာ(၂)သိန်း ချီးမြှင့်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဘ၀ပထမဦးဆုံးBallon d'Or ဆုကိုရယူနိုင်ပါကNike ကုမ္မဏီမှ အမေရိကန်ဒေါ်လာ(၁)သန်းချီး မြှင့်မှာလည်းဖြစ်ပါတယ်။ နေမာဟာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ခေတ်အလွန်မှာ ဘောလုံးလောက မှာထွန်းတောက် လာမယ့် ကစားသမားတစ်ဦးအဖြစ် အများကသတ်မှတ်ထားကြတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။

အသက်(၂၆)နှစ်အရွယ်သာရှိသေးတဲ့ နေမာဟာ နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှာဦးဆောင်ကစားနေတဲ့ အဓိကကစားသမားတစ်ဦးဖြစ်သလို ကလပ်အသင်းဖြစ်တဲ့ PSG အသင်းမှာ လည်း ခြေစွမ်းပြကစားနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ (၂၀၁၀)ခုနှစ် ကတည်းကရွေးချယ်ခံခဲ့ရပြီး ဘရာဇီးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၈၃)ပွဲအထိပါဝင်ကစားခဲ့ရာမှာ (၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 

 

 

 

Related News