PSGအသင်းရဲ့ နည်းပြအူနိုင်းအမ်မရီဟာ ရာသီကုန်မှာ ထုတ်ပယ်ခံရဖို့ရှိနေတာကြောင့် လာမယ့် ရာသီသစ်မှာ နည်းပြအပြောင်းအလဲဖြစ်ပေါ်ဖွယ်ရှိနေပါတယ်။PSGအသင်းဟာ ယခုနှစ်ရာသီကုန်မှာ နည်းပြအပြောင်းအလဲလုပ်ဖို့ရှိနေပြီး အသင်းမှထုတ်ပယ်ခံရမယ်လို့ သတင်းကြီးနေတဲ့ နည်းပြအူနိုင်းအမ်မရီနေရာမှာ နာမည်ကြီး နည်းပြတစ်ဦးကို ပြောင်းလဲခန့်အပ်ဖို့ရှိနေပါတယ်။ နည်းပြ အူနိုင်းအမ်မရီဟာ ရာသီကုန်မှာ အသင်းမှထွက်ခွာဖို့ အစောပိုင်းကာလကတည်းက သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီးPSGအသင်းအနေနဲ့ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ် အသင်းကိုရှုံးနိမ့်ကာ (၁၆)သင်း အဆင့်မှာတင်ထွက်ခွာခဲ့ရတာကြောင့် အူနိုင်းအမ်မရီရဲ့အသင်းနဲ့အနာဂါတ်ဟာ ပိုမိုေ၀၀ါး သွားခဲ့ရပါတယ်။
နည်းပြအူနိုင်းအမ်မရီနေရာမှာ အစားထိုးမယ့်နည်းပြအဖြစ် လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြကွန်တီအနေနဲ့သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ကွန်တီဟာလည်း ချဲလ်ဆီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ်ကို စွန့်ခွာဖို့ရှိနေတာလည်းဖြစ်ပါတယ်။ ကွန်တီဟာ ပြီးခဲ့တဲ့ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီက ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြီး ဂျူဗင်တပ်အသင်းကို ကိုင်တွယ် ခဲ့စဉ်ကလည်း အသင်းနဲ့ဆုဖလားအောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့တဲ့နည်းပြဖြစ်ပါတယ်။
အီတလီကလပ်အသင်းတွေနဲ့အင်္ဂလန်အသင်းတစ်သင်းကို ကိုင်တွယ်ခဲ့တဲ့ကွန်တီအနေနဲ့ လာမယ့် ဘောလုံးရာသီမှာ အတွေ့အကြုံသစ်တွေရရှိဖို့ ပြင်သစ်မြေကိုပြောင်းရွှေ့လား မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ 
 
 

Related News