ယခုနှစ်(၂၀၁၇-၂၀၁၈)ဘောလုံးရာသီဟာ မကြာမီကုန်ဆုံးတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ တန်းဆင်း ဇုန်တိုက်ပွဲဟာလည်း အသင်းတွေကြား ရမှတ်ကွာဟမှုကျဉ်းမြောင်းနေတာကြောင့် ပိုမိုပြင်းထန်လာခဲ့ပါတယ်။ 
ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဥရောပ၀င်ခွင့်ထက် တန်ဆင်းဇုန်တိုက်ပွဲဟာပိုမိုပြင်းထန်နေခဲ့ပြီး တစ်သင်းနဲ့တစ်သင်းကြားရမှတ်ကွာဟမှုနည်းပါးတာကြောင့်လည်း ပိုပြီးအကြိတ်အနယ်ရှိနေခဲ့ပါတယ်။ အမှတ်ပေးဇ ယားအဆင့် (၁၁) နဲ့ တန်းဆင်းဇုန်အထက်အဆင့် (၁၇) နေရာမှ အသင်း (၂) သင်းကြား ရမှတ် (၅) မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ အဆိုပါအဆင့် (၁၁) နေရာမှ အဆင့်(၁၇)နေရာအထိ အမှတ်ပေးဇယားအပေါ်နဲ့ အောက်အသင်းတွေကြား ရမှတ်(၁)မှတ်ခန့်သာကွာဟနေတာကြောင့်လည်း ယခုနှစ်ဘောလုံးရာသီ ပရီးမီးယား လိဂ်ရဲ့တန်းဆင်းဇုန်တိုက်ပွဲဟာ ပြီးခဲ့တဲ့ရာသီတွေကထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်နေခဲ့တာဖြစ်ပါတယ်။ တန်း ဆင်းဇုန်အတွင်းမှာတော့ ပရီးမီးယားလိဂ်ရဲ့ဝါရင့်အသင်းတွေဖြစ်ကြတဲ့ ဆောက်သမ်တန်၊ စတုတ်စီးတီးနဲ့ ၀က် ဘရွန်းအသင်းတို့ဟာ အစဉ်လိုက်ရပ်တည်နေပါတယ်။

ဆောက်သမ်တန်အသင်းနဲ့ စတုတ်စီးတီးအသင်းတို့က ရမှတ်(၂၈)မှတ်စီနဲ့ အဆင့်(၁၈)နဲ့အဆင့်(၁၉)နေရာတွေမှာ ရပ်တည်နေကာ ၀က်ဘရွန်းအသင်းကတော့ ရမှတ် (၂၄)မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံး အဆင့်(၂၀)နေရာမှာရှိနေခဲ့ပါတယ်။ ၀က်ဘရွန်းအသင်းကတော့ တန်းဆင်းဇုန်မှလွတ်မြောက်နိုင်ဖို့ မလွယ်ကူတော့ပေမယ့် ဆောက်သမ်တန်နဲ့ စတုတ်စီးတီးအသင်းတို့ဟာ အဆင့်(၁၆)နေရာက ခရစ်္စတယ်ပဲလေ့စ်အသင်းနဲ့ ရမှတ်(၆)မှတ်သာကွာဟနေခဲ့တာကြောင့် မျှော်လင့်ချက်ရှိ နေသေးတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ဟာ ပွဲစဉ်(၃၄)ပွဲအထိရှိခဲ့ပြီဖြစ်ပြီး ဘောလုံးရာသီ ကုန်ဆုံးဖို့ (၄) ပွဲသာကျန်ရှိတော့တာကြောင့် တန်ဆင်းဇုန်တိုက်ပွဲဟာ ပိုမိုစိတ်ဝင်စားဖို့ကောင်းနေခဲ့ပြီး ပြိုင်ပွဲပြီး ဆုံးဖို့နီးလာတာနဲ့အမျှ ပိုမိုပြင်းထန်လာဦးမှာလည်းဖြစ်ပါတယ်။

 

 

Related News