ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဥရောပအစဉ်အလာကြီးမားတဲ့ ရီးယဲမက်ဒရစ်အသင်းနဲ့လီဗာပူးအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရိုးမာအသင်းဟာ လီဗာပူးအသင်းကို (၄)ဂိုး (၂)ဂိုးနဲ့အနိုင်ရရှိခဲ့ပေမယ့် (၂)ကျော့ပေါင်း (၆)ဂိုး(၇)ဂိုးနဲ့ လီဗာပူးအသင်းဗိုလ်လုပွဲကိုတက်ရောက်ခဲ့ တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ် လုပွဲမှာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ရီးယဲမက်ဒရစ်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဥရောပအစဉ်အလာကြီးမား တဲ့အသင်း(၂)သင်း ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲစဉ်အဖြစ်ရှိနေပါတယ်။

ရီးယဲမက်ဒရစ်အသင်းအနေနဲ့ ယခုနှစ်ဗိုလ် လုပွဲကိုတက်ရောက်ခဲ့တာဟာ နောက်ဆုံး(၃)နှစ်ဆက်တိုက်ဗိုလ်လုပွဲကို တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ လီဗာပူးအသင်းအတွက်ကတော့ (၂၀၀၆-၀၇) ဘောလုံးရာသီနောက်ပိုင်း နှစ်ပေါင်း (၁၁) နှစ်အကြာမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုပြန်လည် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ် အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ (၁၉၅၆) ခုနှစ်မှ (၂၀၁၇) ခုနှစ်အထိ နှစ်ပေါင်း (၆၁) နှစ်အတွင်း ချန်ပီယံလိဂ်ဖလား (၁၇) ကြိမ်ရရှိထားပြီး ရီး ယဲမက်ဒရစ်က (၁၂) ကြိမ်နဲ့ လီဗာပူးအသင်းက(၅)ကြိမ်ရရှိထားခဲ့ပါတယ်။

ရီးယဲမက်ဒရစ်အသင်းဟာ (၁၉၅၆)ခု နှစ်မှ(၂၀၁၇)ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလား(၁၂)ကြိမ်ရယူနိုင်ခဲ့ပြီး လီဗာပူးအသင်းကတော့ (၁၉၇၇)ခုနှစ်မှ (၂၀၀၅)ခုနှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား(၅)ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းယခုနှစ်ဘောလုံး ရာသီရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့တာကြောင့် (၂၀၁၂)ခုနှစ်နောက်ပိုင်း(၆)နှစ်အကြာမှာ အင်္ဂ လန်ကလပ်အသင်းတွေမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

 

 

Related News