လီဗာပူးလ်အသင်းဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၄၆) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ် လျှောက်တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရိုးမားအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ သွင်းဂိုး (၂)ဂိုးထပ်မံရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့အသင်းအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာလီဗာပူးလ်အသင်းဟာရိုးမားအသင်းကို (၄) ဂိုး၊ (၂) ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်း၊ အဝေးကွင်း (၂) ကျော့ပေါင်းရလဒ် (၇) ဂိုး၊ (၆) ဂိုးနဲ့ဗိုလ်လုပွဲကိုတက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။
 
လီဗာပူးလ်အသင်းအနေနဲ့ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ Play-Off အဆင့်မှစတင်ကာယ ခုဆီမီးဖိုင်နယ်အဆင့်အထိ စုစုပေါင်းပွဲစဉ် (၁၄) ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ (၄၆) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံ လိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ (၁၉၉၉-၂၀၀၀) ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းတင်ရှိခဲ့တဲ့ သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ (၁၉၉၉-၂၀၀၀) ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပွဲစဉ် (၁၆) ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး သွင်းဂိုး (၄၅) ဂိုးနဲ့ တစ်ရာသီအတွင်းသွင်းဂိုးအများဆုံး စံချိန်ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တိုက်စစ်အထက်မြက်ဆုံးအသင်းဖြစ်နေခဲ့ပြီး ဆာလက်ခ်ျ၊ ဖာမီနိုနဲ့ မာနေးတို့ ဦးဆောင်နေတဲ့တိုက်စစ်ပိုင်းက အသင်းအတွက်သွင်းဂိုးတွေ ကိုအဓိက ရယူပေး နေတာဖြစ်ပါတယ်။ 
 
 
 

Related News