ဂျိမ်းရိုဒရီဂွက်ဟာ (၂၀၁၈) ခုနှစ်အတွင်းယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ဘိုင်ယန်မြူးနစ်အသင်း နဲ့အတူ ပုံစံကောင်းတွေပြသနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ဂျိမ်းဂရိုဒရီဂွက်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းမှ ဘိုင်ယန်မြူးနစ် အသင်းကို အငှားလာရောက်ကစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းမှာ ပွဲထွက်ခွင့်အတွက် ပုံမှန်နေရာတစ်နေရာရရှိ နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ယခုနှစ် (၂၀၁၈) ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန် မြူးနစ်အသင်းရဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲစဉ် (၁၀) ပွဲမှာ သွင်းဂိုး (၁၃) ဂိုးအထိ ပါဝင်ပတ်သက်မှုရှိခဲ့ပါတယ်။
 
ဂျိမ်းရိုဒရီဂွက်ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲအ ရပ်ရပ်ပွဲစဉ် (၁၀) ပွဲမှာ (၅) ဂိုးအထိသွင်းယူ နိုင်ခဲ့ပြီး အသင်းဖော်တွေအတွက်ဂိုးဖန်တီးမှု (၈)ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ယခုနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက်ပြိုင်ပွဲစုံ (၃၇) ပွဲအထိပါဝင်ကစားခဲ့ပြီး (၈) ဂိုးအထိ သွင်းယူထားတာလည်းဖြစ်ပါတယ်။ ဂျိမ်းရိုဒရီဂွက်ဟာ ယခုနှစ်(၂၀၁၈) ခုနှစ်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါသွင်းဂိုး (၄) ဂိုးအထိရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။  သူဟာမိခင်ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး (၂) ကျော့ပေါင်းသွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
 
 
 

Related News