ဝက်စ်ဘရွန်းအသင်းနည်းပြ ဒါရန်းမိုးလ်ဟာ ပရီးမီးယားလိဂ်က ပေးအပ်ချီးမြင့်တဲ့ ဧပြီလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့တယ်လို့သိရပါတယ်။ဒါရန်းမိုးလ်ဟာ ၀က်စ်ဘရွန်းအသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး (၂၀၀၁) ခုနှစ်မှ(၂၀၀၆)ခုနှစ်ထိ ၀က် စ်ဘရွန်းအသင်းမှာ ကစားခဲ့သူဖြစ်ပါတယ်။ သူဟာဧပြီလ(၂)ရက်မှာ ၀က်စ်ဘရွန်းအသင်းကို ယာယီနည်းပြ အဖြစ်ကိုင်တွယ်ခဲ့သူဖြစ်ပြီး သူကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ ၀က်စ်ဘရွန်းအသင်းရှုံးပွဲလုံးဝ ကြုံတွေ့ရခြင်းမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဝက်စ်ဘရွန်းအသင်းဟာလည်း ဧပြီလအတွင်းယှဉ်ပြိုင်ကစား ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ (၂)ပွဲနိုင်(၂)ပွဲသရေရရှိခဲ့ပြီး အသင်းကြီး(၂)သင်းဖြစ်တဲ့ မန်ယူ၊ လီဗာပူးတို့ပွဲ စဉ်တွေမှာ မန်ယူအသင်းကိုအနိုင်ရရှိခဲ့သလို၊ လီဗာပူးနဲ့ပွဲစဉ်မှာလည်း သရေရလဒ်ရရှိခဲ့ပါတယ်။

ဒါ့အပြင်မေလ (၅)ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း (၁)ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိထားပါတယ်။ ဒါရန်းမိုးလ်အနေနဲ့ ဧပြီလရဲ့တစ်လတာအကောင်းဆုံးနည်းပြဆုရရှိခဲ့ပေမယ့် ၀က်စ်ဘရွန်းအသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၁) ရဲ့ပွဲကျန်ပွဲစဉ်(၁)ပွဲဖြစ်တဲ့ ဆွမ်ဆီးနဲ့ဆောက်သမ်တန်အသင်းတို့ပွဲစဉ်မှ ဆောက်သမ် တန်အသင်းရဲ့နိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှတန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။ ၀က်စ်ဘရွန်းအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ်(၃၇)ပွဲပြီးဆုံးချိန်မှာ ရမှတ်(၃၁)မှတ်နဲ့ အဆင့်(၁၉)နေရာမှာရပ်တည်နေပြီး အဆင့် (၁၇) နေရာမှ ဟတ်ဒါဖီးတောင်းအသင်းနဲ့ရမှတ် (၅) မှတ်ကွာဟတာကြောင့် ရာသီကုန်ဆုံးဖို့ပွဲစဉ် (၁) ပွဲအလိုမှာတန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ ၀က်စ်ဘရွန်းအသင်းဟာ (၂၀၁၀-၁၁)ဘောလုံးရာသီမှာ ပရီးမီး ယားလိဂ်ပြိုင်ပွဲကိုပြန်လည်တန်းတက်ခဲ့တာဖြစ်ပြီး (၈) နှစ်အကြာမှာ ပြန်လည်တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။

 

 

Related News