ယခုနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအဓိကအားထားနေရပြီး သွင်းဂိုးများစွာရယူပေး နိုင်ခဲ့တဲ့တိုက်စစ်မှူးမက်ဆီဟာ ဥရောပရွှေဖိနပ်ဆုရော၊ လာလီဂါဂိုးသွင်းအများဆုံးဆုကိုပါ ရယူနိုင်ဖို့နီးစပ်နေပြီ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ ယခုနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင် ပွဲစုံ (၅၃) ပွဲပါဝင်ကစားခဲ့ရာမှာ (၄၅) ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ လာလီဂါပွဲစဉ် (၃၅) ပွဲပါဝင်ကစားခဲ့ရာ (၃၄) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဥရောပမှာလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည် နေပါတယ်။ လိဂ်သွင်းဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့မက်ဆီဟာ ဥရောပရွှေဖိနပ်ဆုရော လာလီဂါသွင်းဂိုးအ များဆုံးဆုကိုပါရယူနိုင်ဖို့ အလွန်နီးစပ်နေခဲ့ပြီး ဥရောပရွှေဖိနပ်ဆုအတွက်အပြိုင်အဆိုင်ဖြစ်ခဲ့တဲ့ လီဗာပူးလ်အ သင်းတောင်ပံကစားသမားဆာလက်ခ်ျထက် (၃) ဂိုးပိုမိုသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာလက်ခ်ျဟာ ယခု နှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲပါဝင်ကစားခဲ့ရာမှာ (၃၁)ဂိုးအထိ သွင်းယူထားတာလည်းဖြစ်ပါတယ်။ မက်ဆီရဲ့ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီကုန်အထိလာလီဂါပွဲစဉ် (၂) ပွဲယှဉ်ပြိုင်ကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး ဆာလက်ခ်ျရဲ့လီဗာပူးလ်အသင်းဟာ ယှဉ်ပြိုင်ကစားဖို့ပရီးမီးယား လိဂ်ပွဲစဉ်တစ်ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ အဆိုပါကစားသမား (၂) ဦးရဲ့နောက်မှာ လိဂ်သွင်းဂိုးအများ ဆုံးနံပါတ် (၃) နေရာမှာ ရပ်တည်နေတာကတော့ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဖြစ်ပြီး ဘွန်ဒက်လီဂါပွဲစဉ် (၂၉) ပွဲယှဉ်ပြိုင်ကစားထားရာမှာ တစ်ပွဲတစ်ဂိုးနှုန်းနဲ့ (၂၉) ဂိုးအထိသွင်းယူထားတာလည်း ဖြစ်ပါတယ်။

လီဝန်ဒေါစကီးရဲ့ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ဘွန်ဒက်လီဂါပွဲစဉ်တစ်ပွဲသာ ကစားဖို့ကျန်ရှိ တော့တာဖြစ်ပြီး ဆာလက်ခ်ျနဲ့လီဝန်ဒေါစကီးတို့ (၂) ဦးစလုံးဟာ မက်ဆီရဲ့သွင်းဂိုးအရေအတွက်ကိုအမီလိုက် နိုင်ဖို့ မလွယ်ကူတော့တာကြောင့်လည်း မက်ဆီဟာ ဥရောပရွှေဖိနပ်ဆုအတွက် အနီးစပ်ဆုံးကစားသမားဖြစ်နေ ခဲ့ပါတယ်။ မက်ဆီဟာ ဥရောပရွှေဖိနပ်ဆုအပြင် လာလီဂါဂိုးသွင်းအများဆုံးကစားသမားဆု (ပီချီချီဆု) အတွက် လည်း ထိပ်ဆုံးမှဦးဆောင်နေသူလည်းဖြစ်ပါတယ်။ လာလီဂါသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ မက်ဆီ ဟာ သွင်းဂိုး (၃၄) ဂိုးနဲ့ ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပြီး မက်ဆီရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အ သင်းတိုက်စစ်မှူး စီရော်နယ်ဒိုကတော့ သွင်းဂိုး (၂၅) ဂိုးနဲ့ ဒုတိယနေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။ မက်ဆီ အနေနဲ့ ယခုနှစ်ရဲ့ဥရောပရွှေဖိနပ်ဆုကိုရယူနိုင်ခဲ့ပါက သူရဲ့ကစားသမားဘ၀တစ်လျှောက် (၅) ခုမြောက်ဥရော ပရွှေဖိနပ်ဆုအဖြစ် မြင်တွေ့ရဖို့ရှိနေပါတယ်။

 

 

Related News