(၂၀၁၇-၁၈)ဘောလုံးရာသီ ပရီးမီးယားလိဂ်အသစ်သစ်တွေမှာ အခြေချကြတဲ့ နာမည်ကျော်ကစားသမားအများစုဟာ လစာငွေအများအပြားရရှိနေတဲ့အပြင် သူတို့ ရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီးတော့လည်း ဆုကြေးမြင့်မားစွာရရှိနေတာဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ နာမည်ကျော်ကစားသမားတွေဖြစ်ကြတဲ့ ဆန်းချက်ဇ်၊ အော့ဘားမီးယန်း၊ ဆာလက်ခ်ျ၊ မိုရာတာ၊ မီခီတာရန်၊ ဗန်ဒိုက်နဲ့ လူကာကူတို့လို ကစားသမားတွေဟာ လစာအများအပြားရရှိနေတဲ့ အပြင် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ဆုကြေးများစွာလည်း ရရှိနေတာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူအ သင်းမှာ ပုံရိပ်အသုံးပြုခအပါအ၀င် တစ်နှစ်ကိုလစာပေါင် (၂၀.၃၅) သန်းအထိရရှိတဲ့အပြင် အသင်းနဲ့ (၂၀၂၃) ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ အတွက် တစ်နှစ်ကိုပေါင် (၁.၁) သန်းဆုကြေးအဖြစ် ထပ်မံရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းနဲ့ပွဲထွက်နိုင်ခဲ့ရင် တစ်ပွဲကိုပေါင် (၇)သောင်း၊ (၅)ထောင်နဲ့ တစ်ရာသီအတွင်းသွင်းဂိုး (၄၀) အထိပါဝင်ပတ်သက်နိုင်ခဲ့ပါက ပေါင် (၂) သန်းအစရှိတဲ့ဆုကြေးတွေကို ရရှိမှာဖြစ်ပါတယ်။ အော့ဘာမီးယန်းဟာလည်း အာဆင်နယ်အသင်းမှာ လစာပေါင် (၁၀.၃) သန်းအပြင် အသင်းနဲ့ (၂၀၂၁) ခုနှစ်အထိချုပ်ဆိုထားတဲ့စာချုပ်ပါ အချက်အလက်တွေအရ အသင်းပေါ်သစ္စာစောင့်သိမှုအတွက် ပေါင် (၁၅.၁၅) သန်းရရှိမယ့်အပြင် အသင်းနဲ့ပွဲထွက်နိုင်ခဲ့လျှင် တစ်ပွဲကို ပေါင် (၅)သောင်းနဲ့ တစ်ရာသီအတွင်းသွင်းဂိုး (၂၅) ဂိုးအထိပါဝင်ပတ်သက်နိုင်ခဲ့ပါက ပေါင် (၃) သိန်းအထိ ဆုကြေးရရှိမှာလည်းဖြစ်ပါတယ်။

ဆာလက်ခ်ျကတော့ လီဗာပူးလ်အသင်းမှာ တစ်ပတ်လုပ်ခပေါင် (၁)သိန်း (၂) သောင်းကျော်ရရှိနေတဲ့အပြင် တစ်ရာသီအတွင်းသွင်းဂိုး (၃၅)ဂိုးနဲ့အထက်ပါဝင်ပတ်သက်နိုင်ခဲ့ပါက ဆုကြေး ပေါင် (၂.၅)သန်းရရှိမှာဖြစ်ပါတယ်။မိုရာတာဟာလည်း ချဲလ်ဆီးအသင်းမှာ ပုံရိပ်အသုံးပြုခအပါအ၀င် တစ်နှစ် ကိုလစာပေါင် (၉.၉)သန်းအထိရရှိနေတဲ့အပြင် အသင်းရဲ့တစ်ရာသီအတွင်း ပွဲစဉ်အားလုံးရဲ့တစ်ဝက်ကို ပွဲထွက် နိုင်ခဲ့ပါကပေါင် (၈)သိန်း၊ (၃)သောင်းရရှိမှာဖြစ်ပြီး တစ်ရာသီအတွင်း (၂၅)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါက ပေါင် (၈)သိန်း၊ (၈)သောင်းရရှိမှာဖြစ်ပါတယ်။ လူကာကူဟာလည်း မန်ယူအသင်းမှာ တစ်နှစ်ကိုလစာပေါင် (၇.၈)သန်းအပြင် သစ္စာ စောင့်သိမှုအတွက် ပေါင် (၂.၄)သန်းနဲ့ တစ်ရာသီအတွင်းသွင်းဂိုး (၅၀)အထိပါဝင်ပတ်သက်နိုင်ခဲ့ပါက ပေါင် (၄.၅) သန်းအထိရရှိမှာဖြစ်မှာလည်းဖြစ်ပါတယ်။ 

 

 

 

 

Related News