မန်စီးတီးအသင်းကိုစံချိန်ကောင်းတွေနဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့တဲ့ နည်းပြဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုနဲ့ အင်္ဂလန်ပြည်တွင်း လိဂ်တစ်နှစ်တာ 
အကောင်းဆုံးနည်းပြဆုတွေ ကိုရရှိခဲ့ပါတယ်။
 
နည်းပြဂွါဒီယိုလာဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီး အသင်း ကိုအကောင်း ဆုံးပုံစံတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး စံချိန်သစ်တွေနဲ့ ပရီးမီးယားအမှတ်ပေး 
ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၈)ပွဲမှာ (၃၂)ပွဲအထိအနိုင်ရရှိခဲ့ပြီး ရမှတ်စံချိန်၊သွင်း ဂိုးစံချိန်အစရှိတဲ့ စံချိန်သစ်တွေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ 
 
မန်စီးတီးအသင်းဟာ (၂၀၀၄-၂၀၀၅) ဘောလုံးရာသီက ရမှတ် (၉၅)မှတ်နဲ့ ချဲလ်ဆီးအသင်းတင်ရှိခဲ့တဲ့ ရမှတ်အများဆုံးစံချိန်ကိုကျော်ဖြတ်နိုင် ခဲ့တာဖြစ်ပြီး ရမှတ် (၁၀၀)အထိ စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ သွင်းဂိုးအများဆုံးစံချိန်မှာလည်း ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ (၂၀၀၉-၂၀၁၀)ရာသီက ချဲလ်ဆီးအသင်းရရှိခဲ့တဲ့ (၁၀၃)ဂိုးစံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပြီး (၁၀၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
 
ဂွါဒီယိုလာအနေနဲ့ ယခုလိုစွမ်းဆောင်ရည်ကောင်းတွေနဲ့ အမှတ်ပေးချန်ပီ ယံဆုကိုရယူနိုင်ခဲ့တာကြောင့် (၂၀၁၇-၂၀၁၈) ဘောလုံးရာသီရဲ့ ပရီးမီးယား လိဂ်တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုရယူနိုင်ခဲ့သလို အင်္ဂလန်လိဂ်နည်းပြများအဖွဲ့အစည်းမှ ပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်း ပြဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီး အသင်းနဲ့ပရီးမီးယား လိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့တဲ့ ဂွါဒီယိုလာ ဟာ စပိန်လူမျိုးနည်းပြတွေထဲမှာ အဆိုပါဆုကိုရယူနိုင်ခဲ့တဲ့ ပထမဦးဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။ 
 
 
 
 

Related News