(၁၉၉၂-၁၉၉၃) ဘောလုံးရာသီမှစတင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပြိုင်ပွဲစတင်ခဲ့တဲ့အချိန်မှယခုနှစ် ဘောလုံးရာသီအထိ ချန်ပီယံအဖြစ်ဆုဖလားကိုင်မြှောက်ခွင့်ရရှိခဲ့တဲ့ ကစားသမားအရေအတွက်ဟာ (၂၅၉)ဦး အထိရှိခဲ့ပြီဖြစ်ပါတယ်။ ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ လူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လက်ရှိမှာ နှစ်ပေါင်း (၂၆) နှစ်သက်တမ်းရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်ကစားသမား (၂၅၉) ဦးအထိ ချန်ပီယံအဖြစ်ဆု ဖလားကိုင်မြှောက်ခွင့်ရရှိခဲ့ကြပါတယ်။
 
ပရီးမီးယားလိဂ်ဖလားကို (၂၆) နှစ်အတွင်းမှာ နိုင်ငံ (၄၇) နိုင်ငံမှကစား သမား (၂၅၉) ဦးအထိရယူနိုင်ခဲ့ကြပြီး ဥရောပတိုက်မှကစားသမားတွေက အများဆုံးရယူနိုင်ခဲ့ကြတာဖြစ်ပါ တယ်။ ဥရောပတိုက်မှာတော့ ပြည်တွင်းကစားသမားတွေဖြစ်ကြတဲ့ အင်္ဂလန်ကစားသမားတွေဟာ ပရီးမီးယား လိဂ်ဆုဖလားကိုအများဆုံးရယူနိုင်ခဲ့ကြပြီး (၈၅) ဦးအထိချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။
 
အင်္ဂလန်ရဲ့ နောက်မှာတော့ ပြင်သစ်နိုင်ငံကကစားသမား (၂၆) ဦးနဲ့ဒုတိယနေရာမှာရပ်တည်နေပြီး စပိန်နိုင်ငံကကစားသ မား (၁၃) ဦးအထိ ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံကတော့ ပရီးမီးယားလိဂ်ဖလားရ ယူနိုင်ခဲ့တဲ့ကစားသမား (၆) ဦးအထိရှိခဲ့ပြီး အီတလီနိုင်ငံကတော့ ပရီးမီးယားချန်ပီယံကစားသမားတစ်ဦး သာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
 
တစ်ဦးတည်းသာရှိတဲ့ အီတလီနိုင်ငံသားကတော့ လက်ရှိနိုက်စ်အသင်းတိုက် စစ်မှူးဘာလော့တယ်လီဖြစ်ပြီး (၂၀၁၁-၂၀၁၂) ရာသီက မန်စီးတီးအသင်းနဲ့ပရီးမီးယားလိဂ်ဆုဖလားကိုရယူ နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့ တောင်အမေရိကတိုက်မှကစားသမား အယောက် (၄၀) ခန့်ရှိပြီး ဘရာဇီးလ်နိုင်ငံမှကစားသမား (၁၆) ဦးနဲ့ အများဆုံးပါဝင်ခဲ့တာဖြစ်ပါတယ်။
 
ယခုနှစ်ချန်ပီယံဖြစ် တဲ့မန်စီးတီးအသင်းမှာလည်း ဘရာဇီးလ်နိုင်ငံသား (၄) ဦးအထိပါဝင်နေပြီး ဘရာဇီးလ်လက်ရွေးစင်ကစားသ မားတွေဖြစ်ကြတဲ့ ဖာနန်ဒင်ဟို၊ ဂျေဆူး၊ အီဒါဆင်နဲ့ ဒန်နီလိုတို့ (၄) ဦးဟာ မန်စီးတီးအသင်းနဲ့အတူ အမှတ်ပေး ချန်ပီယံအဖြစ်အောင်ပွဲခံခဲ့ကြပါတယ်။
 
အာဖရိကတိုက်မှကစားသမား (၁၅) ဦးအထိ ပရီးမီးယားလိဂ်ချန်ပီယံဖြစ် ခဲ့ကြပြီး ဂါနာနိုင်ငံမှကစားသမား (၃) ဦးနဲ့အများဆုံးပါဝင်ခဲ့ပါတယ်။ အာရှတိုက်မှလည်းကစားသမား (၅) ဦးအ ထိ ပရီးမီးယားလိဂ်ဖလားကိုကိုင်မြှောက်နိုင်ခဲ့ပြီး အဆိုပါကစားသမား (၅) ဦးမှာ ဂျပန်နိုင်ငံသားနဲ့ သြစတြေး လျနိုင်ငံသား (၂) ဦးစီနဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ဦးပါဝင်ခဲ့ပါတယ်။ 
 
 

Related News