မန်ယူအသင်းနဲ့ချဲလ်ဆီးအသင်းတို့ဟာ ယခုနှစ်ဘောလုံးရာသီရဲ့ နောက်ဆုံးကျန်ရှိတဲ့ ဆုဖလားမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် င်္ဗ ဖလားဗိုလ်လုပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ချဲလ်ဆီးအသင်းတို့ဟာ ပရီးမီးယားလိဂ်မှာ လိဂ်တွင်းပြိုင်ဘက်တွေအဖြစ် မကြာခဏ တွေ့ဆုံခဲ့ကြပေမယ့် FA ဖလားဗိုလ်လုပွဲမှာတော့ သမိုင်းတစ်လျှောက် (၂)ကြိမ်သာတွေ့ဆုံ ထားပါတယ်။

သူတို့ (၂)သင်းအနေနဲ့ (၁၉၉၃-၁၉၉၄)နဲ့ (၂၀၀၆-၂၀၀၇)ရာသီတွေရဲ့ FA ဖလားဗိုလ်လုပွဲတွေမှာဆုံတွေခဲ့ကြပြီး (၂)သင်းစလုံး တစ်ကြိမ်စီအနိုင်ရရှိခဲ့ကြပါတယ်။ (၁၉၉၃-၁၉၉၄)ဘောလုံးရာသီ FA ဖလားဗိုလ်လုပွဲမှာ မန်ယူအသင်းကချဲလ်ဆီးအသင်းကို (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး (၂၀၀၆-၂၀၀၇)ရာသီ ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးအသင်းကမန်ယူအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ FA ဖလားဗိုလ်လုပွဲကိုသ မိုင်းတစ်လျှောက် အကြိမ်(၂၀)မြောက်တက်ရောက်နိုင်ခဲ့ပြီး ယခင်က (၁၉)ကြိမ် တက်ရောက် နိုင်ခဲ့ရာမှာ (၁၂) ကြိမ်အထိချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ FA  ဖလားပြိုင်ပွဲရဲ့ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် အာဆင်နယ်အသင်းရဲ့နောက်မှာ ရပ်တည်နေပြီး ယခုဗိုလ်လုပွဲမှာ အနိုင်ရရှိကာ ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါက ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး အသင်းတွေအဖြစ် အာဆင်နယ်အသင်းနဲ့ ပူးတွဲရပ်တည် နိုင်မှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း ကတော့ FA ဖလားဗိုလ်လုပွဲကို(၁၃)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး (၂)နှစ်ဆက်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် FA ဖလားဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးအ သင်းဟာ အာဆင်နယ်အသင်းကို (၂)ဂိုး၊ (၁)ဂိုးနဲ့ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ချဲလ်ဆီးအ သင်းအနေနဲ့ FA ဖလားဗိုလ်လုပွဲကိုယခင်ကတက်ရောက်နိုင်ခဲ့တဲ့ (၁၂)ကြိမ်မှာ (၇)ကြိမ်အထိချန်ပီယံဆုကိုရယူ နိုင်ခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းနဲ့ချဲလ်ဆီးအသင်းတို့ရဲ့FA ဖလားဗိုလ်လုပွဲကို ယနေ့ မေလ (၁၉)ရက်၊ မြန်မာစံတော်ချိန် ည (၁၀)နာရီ၊ (၄၅)မိနစ်အချိန်၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

 

 

 

 

Related News