ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ (၂၀၁၈) ချန်ပီယံ လိဂ်ဗိုလ်လုပွဲကို ဥရောပပြိုင်ပွဲတွေမှာအင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

(၂၀၁၈)ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတွေ့ဆုံနေကြတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ် အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာအစဉ်အလာကြီးမားတဲ့အသင်းတွေဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက (၁၂)ကြိမ်နဲ့ လီဗာပူးလ်အသင်းကတော့ (၅) ကြိမ်အထိချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ချန်ပီယံဆုကို (၁၂)ကြိမ်အထိရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေသလို ချန်ပီယံဆုကို (၅) ကြိမ်ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာလည်း အင်္ဂလန်အသင်းတွေထဲမှာ ချန်ပီယံ လိဂ်ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး အသင်းဖြစ်ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဗိုလ်လုပွဲကိုနောက်ဆုံး (၃) နှစ်ဆက်တက်ရောက်ထားနိုင်ခဲ့ပြီး နောက်ဆုံးတက်ရောက်နိုင်ခဲ့တဲ့ (၂)ကြိမ်စလုံးမှာလည်း ချန်ပီယံဆုကို (၂) နှစ်ဆက်ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ (၁၁) နှစ်ကြာမှ ဗိုလ်လုပွဲကိုပြန်လည်တက်ရောက် နိုင်ခဲ့ပြီး (၂၀၀၇) ခုနှစ်ကဗိုလ်လုပွဲကိုနောက်ဆုံးတက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲမှာအစဉ်အလာကြီးမားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်း တို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၁၉၈၁) ခုနှစ်ကတွေဆုံခဲ့ပြီး အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းက ရီးယဲလ် မက်ဒရစ်အသင်းကို (၁) ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ရှိအိုလံပစ်စကီကွင်းမှာယှဉ်ပြိုင်ကြမယ့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ (၂၀၁၈)ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေလ(၂၇)ရက်နေ့ မြန်မာစံတော်ချိန် မနက် (၁)နာရီ (၁၅)မိနစ် အချိန်မှာကစားကြမှာဖြစ်ပါတယ်။ 

 

Related News