တနင်္ဂနွေမနက်(၁)နာရီ (၁၅)မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အတူတကွကြည့်ရှုအားပေးဖို့အတွက် လီဗာပူးပရိသတ်များက ပြင်ဆင်နေပါတယ်။ မေလ (၂၇)ရက် နံနက်(၁)နာရီ (၁၅)မိနစ်မှာ ယူကရိန်းနိုင်ငံကိဗ်မှာ လီဗာပူးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့က ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အခုပွဲကို လီဗာပူးအသင်းရဲ့supporter Club Myanmar အဖွဲ့သားများမှ လီဗာပူးပရိသတ်များနဲ့ အတူတကွ ကြည့်ရှုနိုင်စေဖို့အတွက် ၄၈ လမ်းရှိ Urban ခန်းမထဲမှာပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။ 

လီဗာပူးSupporter Club Myanmar အဖွဲ့သားတွေက အခုညမှာ ကန်မဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကိုလာရောက်ကြည့်ရှုမဲ့ပရိသတ်များအတွက် ဂိမ်းကစားမဲ့အစီအစဉ်များ၊ အမေးအဖြေ ကဏ်္ဏများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောသွားမဲ့ အစီအစဉ်များကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါ့အပြင် အခုပွဲကို လာရောက်ကြည့်ရှုဖို့အတွက်လည်း နယ်က လီဗာပူးပရိသတ်တွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

လီဗာပူးအသင်းရဲ့supporter Club Myanmar ကို ၂၀၀၅ ခုနှစ်ထဲက စတင်တည်ထောင် ထားတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ offical  အဖွဲ့အဖြစ် သတ်မှတ်ခံခဲ့ရကာ မကြာသေးမီကလည်း လီဗာပူးSupporter  Club  Myanmar ၅ နှစ် ပြည့်မြောက်တဲ့ အခမ်းအနားလည်း ပြုလုပ်ခဲ့ပါတယ်။

လီဗာပူှးSupporter Club Myanmar အဖွဲ့သားတွေကတော့ (၃)လတစ်ကြိမ် သွေးလှူတဲ့အစီအစဉ်များနဲ့ ပရဟိတကျောင်းများကို လှူဒါန်းတဲ့အစီအစဉ်များကို ပြုလုပ်ကြပြီး နောက်ပိုင်းမှာလည်း အခုထက်ပိုကောင်းတဲ့ တွေ့ဆုံပွဲများကို ထပ်မံပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

 

 

Related News