အက်စတွန်ဗီလာအသင်းရဲ့ဝါရင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျွန်တယ်ရီဟာ အက်စတွန်ဗီလာအသင်းက နေထွက်ခွာခဲ့ပြီ ဖြစ်ပေမယ့် အခြားသောအသင်းကိုပြောင်းရွှေ့မလား၊ ကစားသမားဘ၀ကနေအနား ယူတော့မလားဆိုတာ မဆုံးဖြတ် ရသေးကြောင်း သိရပါတယ်။ဂျွန်တယ်ရီဟာ ပြီးခဲ့တဲ့ (၂၀၁၆-၁၇) ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့လမ်းခွဲခဲ့ပြီး၊ အင်္ဂလန်ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အက်စတွန်ဗီလာအသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ သူဟာ လက်ရှိမှာ အသက် (၃၇) နှစ်အရွယ်ကိုရောက်ရှိနေပေမယ့်လည်း အက်စတွန်ဗီလာအသင်းနဲ့အတူ ပွဲစဉ်ပေါင်း (၃၆) ပွဲအ ထိပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ 
 
ဒါပေမယ့်လည်းလက်ရှိအချိန်မှာတော့ အက်စတွန်ဗီလာအသင်းနဲ့သက်တမ်းကုန်ဆုံးသွားခဲ့ပြီး အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ ဂျွန်တယ်ရီဟာ အခြားသောအသင်းကိုပြောင်းရွှေ့ကစားမလား၊ ကစားသမား ဘ၀ကနေ အနားယူသွားမလားဆိုတာကတော့ လက်ရှိအချိန်အထိမဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။ တစ်ချိန်က တယ်ရီရဲ့ အသင်းဖော်တွေဖြစ်ကြတဲ့ဂျရတ်နဲ့ လမ်းပတ်တို့ဟာ လက်ရှိအချိန်မှာ ကစားသမားဘ၀ကနေအနားယူပြီး၊ နည်းပြ လောကကိုဝင်ရောက်ခဲ့ပြီဖြစ်တာကြောင့် ဂျွန်တယ်ရီအနေနဲ့ နည်းပြလောကကိုဝင်ရောက်သင့်တယ်လို့လည်း အားကစား ကျွမ်းကျင်သူတွေကအကြံပြုနေကြပါတယ်။ ဒါ့အပြင်ဂျွန်တယ်ရီအနေနဲ့ ကစားသမားဘ၀ကနေအ နားယူခဲ့ပါက အသင်းဟောင်း ချယ်လ်ဆီးအသင်းထံကိုပြန်ကာ နည်းပြအဖွဲ့ဝင်အဖြစ်ဆောင်ရွက်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
 
 
 

Related News