မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ထိတက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးအသင်းတို့ ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှ ဖြစ်ရပ်တွေအတွက် UEFA ရဲ့ပြစ်ဒဏ်အသီးသီးချမှတ်ခြင်းကိုခံခဲ့ရပါ တယ်။မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ (၂၀၁၇-၁၈)ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မှာတွေ့ဆုံခဲ့ပြီး အဆိုပါပွဲစဉ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက် မန်စီးတီးနည်းပြဂွါဒီယိုလာကို ပွဲပယ်ပြစ်ဒဏ်ချ မှတ်ခဲ့သလို၊ လီဗာပူးအသင်းကိုလည်း ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးနဲ့လီ ဗာပူးအသင်းတို့ ဧပြီလ(၁၀)ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဆာနေးရဲ့သွင်းဂိုးကို ခွင့်မပြုတဲ့အခြေနေကို ပထမပိုင်းပြီးဆုံးချိန်မှာ ပြင်းထန်စွာစောဒကတက်ခဲ့တာကြောင့် ကွင်းအတွင်းမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။လက်ရှိမှာတော့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာ ဂွါဒီယိုလာကို လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)ပွဲကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ပွဲစဉ်(၁)ပွဲကိုဆိုင်းငံ့ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းဟာ မန်စီးတီးအသင်းကို အီတီဟတ်ကွင်းမှာ (၂)ဂိုး(၁)ဂိုးနဲ့အနိုင်ရ ရှိပြီး (၂)ကျော့ပေါင်း(၅)ဂိုး(၁)ဂိုးနဲ့ ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

UEFA ဟာ မန်စီးတီးနည်းပြဂွါဒီ ယိုလာကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို လီဗာပူးအသင်းကိုလည်း ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ UEFA ဟာ လီဗာပူးနဲ့မန်စီးတီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်စီးတီး အသင်းရဲ့ကားကို လူစူလူဝေးနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အရာဝတ္တုအချို့ကို ကွင်းအတွင်းပစ်ပေါက်ခဲ့သလို မီးရူးမီးပန်းတွေ ပစ်လွှတ်ခဲ့တဲ့ လီဗာပူးပရိသတ်တွေရဲ့အပြုအမှုတွေကြောင့် လီဗာပူးအသင်းကို ယူရို(၂)သောင်း ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

 

 

Related News