နည်းပြလစ်လပ်နေတဲ့ရီးယဲယ်မက်ဒရစ်အသင်းဟာနည်းပြသစ်ခန့်အပ်နိုင်ဖို့ကြိုးစားနေသလို မထင်မှတ်တဲ့ ကစားသမားအပြောင်းအရွှေ့တွေကိုလည်း ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ရီးယဲယ်မက်ဒရစ်အသင်းဟာ နည်းပြဇီဒန်းမထင်မှတ်ပဲနဲ့ စွန့်ခွာသွားပြီးနောက်မှာ အရည်အသွေးမြင့်လူ ငယ်နည်းပြတစ်ဦးကို ခေါ်ယူဖို့ကြိုးစားနေပြီး ပိုချက်တီနို၊ အယ်လီဂရီနဲ့ ဂျာဂန်ကလော့တို့ကို ပစ်မှတ်ထာခဲ့ပါ တယ်။ဒါပေမဲ့ ပိုချက်တီနိုက စပါးမှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားထားခဲ့တဲ့ အတွက် ကလော့နဲ့ အယ်လီဂရီတို့ သာ အသင်းရဲ့စောင့်ကြည့်စာရင်းထဲမှာ ရှိတော့တာဖြစ်ပါတယ်။ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီးယဲယ်မက်ဒရစ်အသင်းဟာ အယ်လီဂရီကိုသာ ခေါ်ယူဖို့ ဆန္ဒရှိတော့ပြီး ဆွေးနွေးမှုတွေ စတင်ဖို့အတွက် စီစဉ် နေပြီလို့ သိရပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းကို ပြည်တွင်းလိဂ်မှာ အောင်မြင်မှုတွေရရှိအောင်စွမ်း ဆောင်ပေးထားသူဖြစ်ပြီး အသင်းပိုင်ရှင်တွေခေါ်ယူပေးတဲ့ ကစားသမားတွေနဲ့ပဲ အသင်းကို ဟန်ချက်ညီအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ ဥရောပမီဒီယာအချို့ကတော့ နည်းပြဇီဒန်း ရာထူးမှနှုတ်ထွက်သွားတာဟာ အသင်းဥက္ကဋ္ဌ ပီရက်နဲ့ ကစားသမားခေါ်ယူမှုတွေမှာ နားလည်မှုမရတာကြောင့် အသင်းကနေထွက်ခွာသွားတာ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။ ရီးယဲယ်မက်ဒရစ်နဲ့ပတ်သက်တဲ့ နောက်ထပ်အပြောင်းအရွှေ့သတင်းတစ်ခု ကတော့လီဗာပူးလ်တိုက်စစ်ကစားသမား မာနေးကို ခေါ်ယူဖို့နီးစပ်နေပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။ ရီးယဲယ်မက် ဒရစ်အသင်းဟာ မာနေးကိုခေါ်ယူဖို့ ဇီဒန်းလက်ထပ်ကတည်းက ဆွေးနွေးခဲ့တာဖြစ်ပြီး သဘောတူညီမှုရဖို့နီးစပ် ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသင်းကို ဇီဒန်းစွန့်ခွာသွားပေမယ့် မာနေးကို ခေါ်မယ့် အစီအစဉ်ကိုဆက်လက် လုပ်ဆောင်နေပြီး မကြာခင်မှာ ခေါ်ယူနိုင်တော့မယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

 

 

 

Related News