မန်ယူအသင်းဟာ မန်စီးတီးအသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူဖရက်ဒ်ကို လက်ရှိအချိန်မှာ ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအရသဘောတူညီမှုရရှိခဲ့ပြီး၊ မန်ယူအသင်းဟာ နောက်ဆုံး (၆) လအ တွင်း မန်စီးတီးအသင်းရဲ့ပစ်မှတ် (၂) ခုအထိအရခေါ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ ရှက်တာဒိုးနက်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူဖရက်ဒ်ဟာ ယခင်ကမန်စီးတီးအသင်းရဲ့ပစ်မှတ်ဖြစ် ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ မန်ယူအသင်းနဲ့ပြောင်းရွှေ့ကြေးအရသဘောတူုညီမှုရရှိခဲ့ပါတယ်။ မန်ယူ အသင်းဟာ ဖရက်ဒ်အတွက် ရှက်တာဒိုးနက်အသင်းကို ပြောင်းရွှေ့ကြေးပေါင် (၄၇) သန်းပေးချေသွားရမှာဖြစ် တယ်လို့ ဗြိတိန်အခြေစိုက် BBC အားကစားသတင်းစာရဲ့ဖော်ပြမှုအရသိရပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာလည်း မန်စီးတီးအသင်းရဲ့ပစ်မှတ်ဖြစ်နေ ခဲ့တဲ့ တောင်ပံကစားသမား ဆန်းချက်ဇ်ကိုလည်း မန်စီးတီးအသင်းထက်လက်ဦးမှုရယူကာခေါ်ယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ဖရက်ဒ်ကိုခ်ါယူဖို့ ပြောင်းရွှေ့ကြေးအရသဘောတူညီမှုရရှိခဲ့ပေမယ့်လည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုတွေကို ရရှိဖို့အတွက်လိုအပ်နေသေးတာကြောင့် မန်ယူအသင်းကိုအပြီးသတ် ရောက်ရှိလာဖို့အတွက် အနည်းငယ်ကြန့်ကြာ ဖွယ်ရှိနေပါတယ်။ မန်ယူအသင်းဟာ မန်စီးတီးအသင်းရဲ့ပစ်မှတ် တွေဖြစ်ခဲ့တဲ့ ဆန်းချက်ဇ်နဲ့ ဖရက်ဒ်တို့ကို နောက်ဆုံး (၆) လအတွင်းမှာခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဖရက်ဒ်ဟာ မော်ရင်ညိုရဲ့ ရာသီသစ်အတွက်ပထမဦးဆုံးခေါ်ယူမှုဖြစ်လာနိုင်သလို၊ ပေါ်တိုအသင်းရဲ့လူငယ်နောက်ခံလူ ဒီ ယိုဂိုဒါလော့ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့သိရပါတယ်။

 

 

 

Related News