အနားယူသွားခဲ့ပြီဖြစ်တဲ့အမေရိကန်လက်ဝှေ့အကျော်အမော် မေ၀ဲသာဟာ ယခုနှစ်အတွက် အမေရိကန် စီးပွားရေး မဂ္ဂဇင်း ဖော့ မှထုတ်ပြန်တဲ့ ၀င်ငွေအကောင်းဆုံးအားကစားသမားစာရင်းမှာ ဘောလုံး အကျော် အမော်တွေဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုကို ကျော်ဖြတ်ပြီး နံပါတ်(၁)နေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။မေ၀ဲသာဟာလက်ဝှေ့ကစားသမားအဖြစ်ကနေ အနားယူခဲ့ပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်သြဂတ်လက MMA ကစားသမား မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ၀င်ငွေ ဒေါ်လာ(၂၈၅)သန်းနဲ့ ဖော့ မဂ္ဂဇင်းမှထုတ် ပြန်တဲ့ ၀င်ငွေအကောင်းဆုံးစာရင်းမှာ ရပ်တည်ခဲ့တဲ့ဖြစ်ပါတယ်။

မေ၀ဲသာဟာ မက်ဂရီဂေါ်နဲ့ထိုးသတ်ခဲ့တဲ့ ပွဲစဉ်အတွက် ဒေါ်လာ(၂၇၅)သန်းရရှိခဲ့ပြီး ကြော်ငြာဝင်ငွေမှ (၁၀)သန်း စုစုပေါင်းဒေါ်လာ(၂၈၅)သန်းထိရရှိခဲ့ တာဖြစ်ပါတယ်။ သူဟာ ယခုလိုဝင်ငွေအကောင်းဆုံးစာရင်းရဲ့ ပထမနေရာရပ်တည်နိုင်တာဟာ နောက်ဆုံး (၇)နှစ်အတွင်း (၄)ကြိမ်မြောက်ဖြစ်သလို သူ့ရဲ့ကစားသမားဘ၀၀င်ငွေစုစုပေါင်းကလည်း ဒေါ်လာ(၁)ဘီလီယံ ကျော်ခဲ့ပြီဖြစ်ပါတယ်။

သူဟာ လက်ရှိမှာ ဘက်စကက်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်နဲ့ ဂေါက်ကစားသမား တိုက်ဂါးဝုဒ်တို့ရဲ့နောက် ၀င်ငွေဒေါ်လာ(၁)ဘီလီယံကျော်ခဲ့တဲ့တတိယမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ၀င်ငွေအကောင်းဆုံးစာရင်းရဲ့ ဒုတိယနေရာမှာရှိနေတဲ့ မက်ဆီဟာ ဒေါ်လာ(၁၁၁)သန်း နဲ့ရပ်တည်နေပြီး လစာမှ ဒေါ်လာ(၈၄)သန်း၊ စပွန်ဆာဝင်ငွေတွေမှ ဒေါ်လာ(၂၇)သန်းရှိနေပါတယ်။ စီရော်နယ်ဒို ကတော့ ဒေါ်လာ(၁၀၈)သန်းနဲ့ အဆင့်(၃)နေရာမှာရပ်တည်နေပြီး လစာမှဝင်ငွေ(၆၁)သန်းသာရှိပေမယ့် စပွန် ဆာဝင်ငွေတွေမှ ဒေါ်လာ(၄၇)သန်းထိရှိနေတာဖြစ်ပါတယ်။

မေ၀ဲသာနဲ့ ပြီးခဲ့တဲ့နှစ်က ထိုးသတ်ခဲ့တဲ့ မက်ဂရီ ဂေါ်က ဒေါ်လာ(၉၉)သန်းနဲ့ အဆင့်(၄)နေရာမှာရပ်တည်နေပြီး နေမာက ဒေါ်လာသန်း(၉၀)နဲ့ အဆင့်(၅)နေရာ မှာရပ်တည်နေတာဖြစ်ပါတယ်။

 

 

Related News