လာမယ့်ရာသီအတွက် အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေတဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ လိုင်ယွန်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဖက်ကီယာကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာလက်ရှိအပြောင်းအရွှေ့ကာလမှာ ခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားနေပြီး ပြင်သစ် မြေမှ အရည်အသွေးမြင့်ကြယ်ပွင့်တွေကို ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဖက်ကီယာမတိုင်ခင်မှာလည်း မိုနာကိုအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဖာဘင်ညိုကို ပေါင်(၃၉)သန်းနဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။

လက်ရှိမှာ ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ဖာဘင်ညိုဟာ မိုနာကိုအသင်းမှာ သူ့ရဲ့အရည်အ သွေးကို သက်သေပြထားသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း ဥရောပအသင်းကြီးတွေအလိုရှိနေတဲ့ကစားသမားဖြစ်ပါ တယ်။ ယခုအပြောင်းအရွှေ့မှာတော့ လီဗာပူးလ်အသင်းဟာ ပြိုင်ဘက်တွေထက်လက်ဦးမှုရယူပြီး ဖာဘင်ညို ကို အရခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ လိုက်ဇစ်ကွင်းလယ်ကစားသမား ကီတာကို လည်း ပြီးခဲ့တဲ့ရာသီကတည်းက ခေါ်ယူဖို့သဘောတူညီမှုရရှိထားပြီး လက်ရှိအပြောင်းအရွှေ့ကာလမှာ အသင်း ကိုရောက်ရှိလာမှာဖြစ်ပါတယ်။

လက်ရှိမှာလည်း ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ လိုက်ယွန်မှ ဖက်ကီယာ ဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၃)ဂိုးထိသွင်းယူပေးခဲ့သူဖြစ်ပြီး အာဆင်နယ်၊ ချယ်ဆီး အသင်းတို့ အလိုရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းကတော့ လိုက်ယွန်အသင်းမငြင်း နိုင်တဲ့ ယူရိုသန်း(၆၀)ထိပေးချေကာ သဘောတူညီမှုရရှိအောင်ကြိုးစားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ဟာ ဖာကီယာအတွက် ပြောင်းရွှေ့ကြေးယူရို(၅၅)သန်းနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ်(၅)သန်း ထပ်မံပေးချေမှာဖြစ်ပါတယ်။ 

 

 

Related News