ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ အသင်းကနေထွက်ခွာတော့မယ်လို့သတင်းတွေထွက်ပေါ်နေခဲ့တဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုကို မြင့်မားတဲ့လစာငွေတစ်ရပ်နဲ့မက်လုံးပေးကာ ကမ်းလှမ်းသွားဖို့အတွက်စီစဉ်နေပါတယ်။စီရော်နယ်ဒိုဟာ (၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ချန်ပီယံလိဂ်ဆုဖလားကိုရယူနိုင်ခဲ့ပြီးနောက်မှာ အနာ ဂတ်နဲ့ပတ်သတ်ပြီး၊ ပြန်လည်သုံးသပ်သွားတော့မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အသက် (၃၃) နှစ်အ ရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ (၂၀၂၁) ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး၊ အသင်းပြောင်းရွှေ့ တော့မယ်လို့ ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင်ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ဖော်ပြမှုအရ စီရော် နယ်ဒိုဟာ နေမာနဲ့ မက်ဆီတို့နဲ့တူညီတဲ့ လစာပမာဏကိုတောင်းဆိုခဲ့တာကြောင့် ရီးရဲယ်လ်မက်ဒရစ်အသင်း ဟာလည်း စာချုပ်သက်တမ်းတိုးမြင့်တော့မှာမဟုတ်ကြောင်းဖော်ပြခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ တစ်နှစ်လုပ်ခပေါင် (၂၂) သန်းအပြင်၊ အပိုဆုကြေးငွေတွေအ ပါအ၀င် ပေါင် (၂၈.၅) သန်းတန်ကြေးရှိတဲ့စာချုပ်သစ်တစ်ရပ်ကိုချုပ်ဆိုဖို့အတွက် ကမ်းလှမ်းမှုတွေပြုလုပ်ဖို့စီစဉ် နေပါတယ်။ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ လက်ရှိမှာကမ်းလှမ်းမယ့်စာချုပ်သစ်တစ်ရပ်ဟာ ယခင်ကထက်လစာ ပမာဏများပြားနေပေမယ့်လည်း မက်ဆီရဲ့လစာပမာဏထက် (၆.၅) သန်းနည်းပါးနေခဲ့ပါတယ်။ ရီးရဲယ်လ်မက် ဒရစ်အသင်းရဲ့ စီရော်နယ်ဒိုကိုကမ်းလှမ်းမယ့်စာချုပ်သစ်တစ်ရပ်မှာ အပိုဆုကြေးငွေတွေများစွာပါဝင်နေခဲ့ပြီး၊ ဂိုးသွင်းအများဆုံးကစားသမားဆုနဲ့ အဓိကဆုဖလားတွေရရှိခဲ့ရင်တောင် အပိုဆုကြေးငွေတွေပိုပေးချေသွားဖို့ စီစဉ်နေပါတယ်။

 

 

 

Related News