(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းပေါင်း(၃၂)သင်းရဲ့ လူစာရင်းတန်ဖိုးတွေကို ဖော်ပြခဲ့ရာမှာ ပြင်သစ်အသင်းက တန်ဖိုးအကြီးဆုံးလူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ အားကစားသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES မှထုတ်ပြန်ခဲ့တဲ့စစ်တမ်းအရ ပြင်သစ်အသင်းလူစာရင်း ဟာကမ္ဘာ့ဖလားပြိုင်ပွဲမှတန်ဖိုးအကြီးဆုံးလူစာရင်းရဲ့ နံပါတ်(၁)နေရာမှာရှိနေပြီး အင်္ဂလန်ကအဆင့်(၂)၊ ဘရာ ဇီးကအဆင့်(၃)နဲ့ စပိန်အသင်းကအဆင့်(၄)နေရာမှာရပ်တည်နေပါတယ်။ ပြင်သစ်အသင်းလူစာရင်းဟာ ယူရို (၁.၄၁၀) ဘီလီယံတန်ဖိုးရှိခဲ့ပြီး အဆင့်(၁)နေရာမှာရပ်တည်ခဲ့ကာ အဆင့်(၂)နေရာမှ အင်္ဂလန်ရဲ့လူစာရင်းတန် ဖိုးက ယူရို(၁.၃၈၆)ဘီလီယံတန်ကြေးရှိခဲ့တာဖြစ်ပါတယ်။ အဆင့်(၃)နေရာမှ ဘရာဇီးအသင်းလူစာရင်းဟာ ယူရို(၁.၂၆၉)ဘီလီယံတန်ဖိုးရှိပြီး စပိန်အသင်းကယူရို(၉၆၅)သန်းနဲ့ အဆင့်(၄)နေရာ အာဂျင်တီးနားအသင်းက ယူရို(၉၂၅)သန်းနဲ့ အဆင့်(၅)နေရာမှာရပ်တည်နေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှ တန်ဖိုးအနည်းဆုံးအသင်း (၅)သင်းမှာတော့ တူနီးရှား၊ ကော်စတာရီကာ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ပနားမားအသင်းတို့ကရပ်တည်နေပါ တယ်။ တူနီးရှားအသင်းရဲ့လူစာရင်းတန်ဖိုးဟာ ယူရို(၅၈)သန်း၊ ကော်စတာရီကာက ယူရို(၄၉)သန်း၊ အီရန်အ သင်းက ယူရိုသန်း (၄၀)၊ ဆော်ဒီအာရေဗျအသင်းက ယူရို(၂၁)သန်း၊ ပနားမားအသင်းက ယူရို(၁၅)သန်းနဲ့အ သီးသီးရပ်နေတာဖြစ်ပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံးလူစာရင်းရဲ့ အဆင့် (၁) နေရာမှာ ပြင်သစ်အသင်းရပ် တည်ခဲ့ပေမယ့် တန်ဖိုးအမြင့်ဆုံးကစားသမားဟာ အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းဖြစ်ပြီး ယူရို(၂၀၁)သန်းနဲ့ ရပ်တည်နေပါတယ်။

 

 

Related News