စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ချယ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့အတွက် ဂိုးသမား ဒွန်နာရမ် မာကို အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုဖို့စီစဉ်နေပါတယ်။အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီကငွေကြေးများစွာသုံးစွဲကာ အသင်းကိုပြင်ဆင်ခဲ့တဲ့အသင်းဖြစ်ပြီး လက်ရှိအပြောင်းအရွှေ့ကာလမှာလည်း အသင်းကို ထပ်မံအားဖြည့်ဖို့စီစဉ်နေပါတယ်။ ဒါပေမဲ့အသင်းတွင်းမှာ ဘဏ္ဍာရေးအခက်အခဲရှိတာကြောင့် ပြီးခဲ့တဲ့ရာသီကလိုမျိုး ငွေကြေးများစွာသုံးစွဲဖို့မရှိပဲ ကစားသမားအလဲ အလှယ်လုပ်ကာ ခေါ်ယူဖို့စီစဉ်နေပါတယ်။

လက်ရှိအေစီမီလန်အသင်းက ခေါ်ယူဖို့စီစဉ်နေတဲ့ ကစားသမားက ချယ်ဆီးတိုက်စစ်မှူး မိုရာတာဖြစ်ပြီး အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် ဂိုးသမား ဒွန်နာရမ်မာကို ထည့် သွင်းကမ်းလှမ်းမှာဖြစ်ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲယ်မက်ဒရစ်အသင်းကနေ ချယ်ဆီးအသင်းကို ယူရိုသန်း(၇၀)နဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ သူဟာ ချယ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်ပေမယ့် ချယ်ဆီးအ သင်းက ပြန်လည်ရောင်းချဖို့စိတ်ကူးမရှိပဲ ရောင်းချဖြစ်မယ်ဆိုရင်တောင် ယူရိုသန်း(၈၀)ကျော်ထိအလိုရှိနေတာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းအတွက်ကတော့ ကစားသမားတစ်ဦးအတွက် ယူရိုသန်း(၈၀)၀န်းကျင်ထိအသုံး ပြုဖို့ခက်ခဲနေတာကြောင့် အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ ဂိုးသမား ဒွန်နာရမ်မာကို ထည့်သွင်းကမ်းလှမ်းမှာဖြစ် ပါတယ်။ ချယ်ဆီးအသင်းမှာ နာမည်ကျော်ဂိုးသမား ကော်တိုရစ်ရှိနေပေမယ့် သူဟာ အသင်းရဲ့စာချုပ်သစ်ကမ်း လှမ်းမှုကို ငြင်းဆန်ထားတာကြောင့် ချယ်ဆီးအသင်းက ရောင်းချဖို့စီစဉ်နေပါတယ်။ ချယ်ဆီးအသင်းဟာ ကော်တိုရစ်ကို ရောင်းချခဲ့မယ်ဆိုရင် အရည်အသွေးမြင့်ဂိုးသမားတစ်ဦးပြန်လည်ခေါ်ယူမှာဖြစ်ပြီး အေစီမီလန် အသင်းက အဲဒီအတွက် ဂိုးသမား ဒွန်နာရမ်မာကို ပြန်လည်ပြောင်းရွှေ့ခွင့်ပေးမှာဖြစ်ပါတယ်။

 

 

 

 

Related News