(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး၊ ပြိုင်ပွဲကိုတော့ ဇွန်လ (၁၄) ရက်နေ့၊ ယနေ့မှာစတင်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်ကို ယနေ့မှာစတင်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ရုရှားအသင်းနဲ့ ဆော်ဒီအာရေးဗျအသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အိမ်ရှင်ရု ရှားအသင်းဟာ ဆော်ဒီအာရေးဗျအသင်းနဲ့ ဇွန်လ (၁၄) ရက်နေ့မှာအဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး၊ ပြိုင်ပွဲရဲ့ဖွင့်ပွဲအခမ်းအနားကိုတော့ ဒေသစံတော်ချိန်ညနေ (၅) နာရီခွဲနဲ့ မြန်မာစံတော်ချိန်ည (၉) နာရီမှာကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဇွန်လ (၁၄) ရက်နေ့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဖွင့်ပွဲအခမ်းအနားနဲ့ အုပ်စုအဖွင့်ပွဲစဉ် အဖြစ်ယှဉ်ပြိုင်ကစားမယ့် ရုရှားအသင်းနဲ့ ဆော်ဒီအာရေးဗျအသင်းတို့ပွဲစဉ် (၁) ပွဲတည်းကိုသာကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။ ဇွန်လ (၁၅) ရက်နေ့မှာတော့ အုပ်စု (A) ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီဂျစ်အသင်းနဲ့ ဥရုဂွေးလ်အ သင်းတို့ပွဲစဉ်ကို မြန်မာစံတော်ချိန်ညနေ (၆) နာရီခွဲအချိန်နဲ့ အုပ်စု (B) ရဲ့ပွဲစဉ်တွေဖြစ်ကြတဲ့ မော်ရိုကိုအသင်းနဲ့ အီရန်အသင်း၊ ပေါ်တူဂီအသင်းနဲ့ စပိန်အသင်းတို့ပွဲစဉ်တွေကို မြန်မာစံတော်ချိန် ည (၉) နာရီခွဲအချိန်နဲ့ မနက် (၁၂) နာရီခွဲအချိန်မှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို တစ်ရက်ကိုပွဲစဉ် (၃) ပွဲနဲ့ (၄) ပွဲယှဉ်ပြိုင်ကစားသွားဖို့ရှိနေခဲ့ပြီး၊ ရုရှားနိုင်ငံဟာ အအေးပိုင်းဒေသတစ်ခုဖြစ်တာကြောင့် ပွဲစဉ်တွေကို စောစီးစွာကျင်းပပြုလုပ်ခဲ့တာကြောင့်လည်း မြန်မာနိုင်ငံကပရိသတ်တွေအနေနဲ့ အချိန်ကောင်းတွေမှာ ဘောလုံးပွဲတွေကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

 

 

 

 

Related News